အသက်တမျှ အပိုင်း ၁၂ zg

95 1 0
                                    

ဒေါက် ဒေါက် ဒေါက်

တိတ်ဆိတ်သောအခန်းငယ်လေးထဲ
ကျယ်လောင်စွာပေါ်ထွက်လာတဲ့ တံခါးခေါက်သံနဲ့အတူ
မြင့်မိုရ်ရဲ့ အတွေးအိမ်တို့ဟာလဲ ဟိုတစ်စ ဒီတစ်စ...

မြင့်မိုရ် / ဝင်ခဲ့ပါ...

နေသော်က / အကို...

ခေါ်သံလေးကတိုးလျလျလေးပါ
မဟုတ်မှ ဒီကောင်လေး ငိုနေသည်လား...

မြင့်မိုရ် / အော် လာလေ...ထိုင်

နေသော်က / ကျွန်တော်မေးချင်တာလေးရှိလို့ပါ အကို

မြင့်မိုရ်သိတာပေါ့ ထိုကောင်လေး ဘာကိုမေးချင်နေမှန်း

မြင့်မိုရ် သဘောကျစွာပြုံးလိုက်ရင်း

မြင့်မိုရ် / ငါ့ရဲ့ အလို ဆန္ဒတွေပြည့်မြောက်ဖို့ မင်းက အများကြီးကူညီပေးခဲ့တယ် သော်က

နေသော်က အံ့သြမိပါသည်။
အကြောင်းက ငါ ဟုသုံးနှုန်းလိုက်သော အကို့ကြောင့်...

နေသော်က / ကျွန်တော်တို့ စီစဉ်ခဲ့တုန်းက ကုမ္ပဏီရှယ်ရာတွေသိမ်းဖို့မပါခဲ့ဘူးလေ အကို
တောင်းပန်ပါတယ်နော် ကျွန်တော်တို့ ဒီအနှောင်အဖွဲ့တွေကနေ
ရုန်းထွက်ကြရအောင်လား...
ကျွန်တော်လွတ်မြောက်ချင်ပြီအကို...
ကျွန်တော့်ရဲ့ ကမ္ဘာအသစ်လေးမှာ
ကျွန်တော်ရယ် အကိုရယ် ပြီးတော့
နွေးထွေးသာယာတဲ့ အိမ်လေးတစ်လုံးရယ်လေ
ကျွန်တော်...ကျွန်တော်တို့ ဒီလိုစိတ်ကူးယဉ်ခဲ့ကြတာလေး

မြင့်မိုရ် မျက်မှောင်ကျုံ့လိုက်ကာ

မြင့်မိုရ် / တိတ်စမ်း! !! ငါ့ကိုမင်းလိုအရူးလို့များထင်နေလား
အဟက် ဘာ!!! မင်းရယ် ငါရယ် အိမ်လေးရယ်ပေါ့ ဟုတ်လား
ရူးနေလိုက်! !!ငါမင်းကို ဘယ်တုန်းကမှမချစ်ခဲ့ဘူး သော်က! !!

နေသော်ကမှာ အကိုပြောသမျှ ပါးစပ်အဟောင်းသားလေးနဲ့
အံ့သြမင်သက်နေရသည်။ ထိုစကားလုံးတွေကို
ယုံလည်းမယုံကြည်နိုင်ခဲ့...

နေသော်က / * အကိုကလေ...ငါ့..ငါ့ကို မချစ်ခဲ့ဖူးဘူးတဲ့
ဒါ အကို့ပါးစပ်ကပြောနေတာ မဟုတ်ဘူးမလားဟင်
သော်က အိမ်မက် မက်နေခဲ့တာမဟုတ်လား...*

အသက်တမျှ အသက္တမွ် Where stories live. Discover now