အသက်တမျှ အပိုင်း ၂၁

262 14 0
                                    

မနက်ရောက်တော့...

ဝဏ္ဏ / ငါအပြင်သွားမို့ မင်းရော ဘာမှာအုံးမလဲ...

မနက်စာစားနေရင်း မေးလာသည်မို့
နေသော်က ကော်ဖီကို တစ်ငုံမျှသောက်လိုက်ပြီး

နေသော်က / ကျွန်တော်ရော လိုက်မယ်ခဏစောင့်

ပြောပြောဆိုဆိုနဲ့ ညက သူအိပ်တဲ့အခန်းထဲ
ဝင်သွားကာ ခဏအကြာ သူ့အထုတ်နှစ်ထုတ်အတူ
အဝတ်အစားလဲကာထွက်လာတဲ့ ကောင်လေး...

ဝဏ္ဏ / မင်းက ဘာလိုက်ရှုပ်ဦးမှာလဲ...

ဝဏ္ဏအပြောကြောင့် ဆူပုတ်သွားတဲ့ရုပ်လေးက
ကလေးပေါက်စလေး လိုချင်တာ မရလို့ စိတ်ကောက်တဲ့ပုံမျိုးနဲ့...

နေသော်က / ကျွန်တော်က ဒီမှာ တစ်သက်လုံးနေရမှာလား
ကျွန်တော်စားဖို့သောက်ဖို့ နေဖို့ထိုင်ဖို့အတွက် အလုပ်ရှာရမယ်လေ ပြီးတော့ သင့်တော်မဲ့ နေစရာနေရာလေးတစ်ခုလောက် ရှာရဦးမယ်လေ...

ဝဏ္ဏ / နေစရာနေရာကရှာမနေပါနဲ့ ငါနဲ့ပဲနေပေါ့...
ဒီမှာလဲ အဆင်ပြေတာပဲ မင်းတစ်ခန်း ငါတစ်ခန်း

နေသော်က / ဟာ အားနာစရာကြီးဗျာ မနေပါဘူး ခဗျားလဲ အနေကျပ်မှာပေါ့...

ဝဏ္ဏ / ငါကအဆင်ပြေတယ် တစ်နေကုန် bossနားမှာနေရတာများတယ် ညဘက်လောက်ပဲအိမ်ပြန်အိပ်ဖြစ်တာ တစ်ခါတစ်လေဆို ပြန်လာချင်မှ ပြန်လာဖြစ်တာ အဲ့တာကြောင့် ဒီတိုက်ခန်းက အပိုလိုဖြစ်နေတာ မင်းနေမယ်ဆို နေလို့ရပါတယ်

နေသော်က / ဒါပေမဲ့ ကျွန်တော် ခဗျားကို အားနာတယ်
ပြီးတော့...

ဝဏ္ဏ / ဒါဆိုလဲ ဒီလိုလုပ်လေ ငါ မင်းဆီက အိမ်ခန်းငှားခယူမယ်
အဲ့တာဆိုရင်ရော ဘယ်လိုလဲ

နေသော်က / ဟမ် အခန်းငှားခ! !! ကျွန်တော်က ဘယ်လိုလုပ်တက်နိုင်မှာလဲဗျ ဒီတိုက်ခန်းကရှယ်စျေးပေးရမှာပေါ့...

ဝဏ္ဏလဲ ထိုကောင်လေးအပြောကြောင့် ခေါင်းယမ်းမိသည်။
သူကကူညီပေးချင်လို့ပြောတော့လဲ လက်မခံ
ခေါင်းမာတဲ့ ဒီကလေးကြောင့် အခန်းခယူမယ်လို့
ပြောလိုက်မိတာကို
စျေးကြီးကြီးတောင်းမယ်ထင်နေတဲ့ ဒီကလေးကြောင့်
လူက ရူးချင်စိတ်တောင်ပေါက်လာမိ၏။

အသက်တမျှ အသက္တမွ် Where stories live. Discover now