အသက်တမျှ အပိုင်း ၄၄ zg

567 5 0
                                        

ကားရောင်စုံတို့ပြေးလွှားနေတဲ့ လမ်းမပေါ်ကို ငေးကြည့်ရင်း အက်စ်ဆမ်းတစ်ယောက် အတွေးစတို့နဲ့ ရောလျက်နေမိသည်။
ထိုထပ် တစ်စုံတစ်ယောက်ကို သတိရမိနေသည်ဆို ပိုမှန်ပေလိမ့်မည်။
သူသတိရနေမိသူက မဟာတော့ မဟုတ်
မျက်ရည်များနဲ့ ပြေးလွှားရင်း အပူတပြင်း သူ့ကိုလိုက်ရှာနေခဲ့တဲ့
ပုံရိပ်လွှာလေးကိုပင်
ထို့နောက် သူစိတ်မကောင်းဖြစ်မိရပြန်သည်။
ကာနေဒါပြန်ရောက်ထဲက ထိုပုံရိပ်လေးသာ သူ့မျက်ဝန်းထဲ ကြီးစိုးနေသည်။
အခန်းပြင်လဲ သိပ်မထွက်ဖြစ် ရှိတာနဲ့ ဖြစ်သလိုစားကာ
အခန်းအောင်းနေခဲ့သည်မှာ ၃ ၊၄ရက်ပင်ရှိပြီမို့
ဒီနေ့တော့ သူအပြင်ထွက်ရန်ပြင်လိုက်သည်။ အပြင်ထွက်ရင်း လေညှင်းခံရင်းနဲ့
စိတ်အပြောင်းအလဲ ဖြစ်ကာ ထိုအတွေးစတို့ကို
မေ့ပျောက်လို့မေ့ပျောက်ညာ ခြေဦးတည့်မိသည်

ပတမဆုံး အနီးနားက ကော်ဖီဆိုင်မှာ ဝင်ထိုင်သည်။
ထိုကော်ဖီဆိုင်ရောက်တော့ ကော်ဖီမှာနေတုန်း
ဘေးတစ်ဘက်ကိုငေးကြည့်လိုက်တော့
တွေ့လိုက်ရသည်က အတွဲတတွဲ
ကောင်မလေးက လမ်းခွဲလိုက်ပုံရသည်။ ကောင်လေးက မထားခဲ့ဖို့ အတင်းအကြပ်တောင်းဆိုနေသည့်ပုံပင် ဘေးလူတွေက ဒါမျိုးရိုးနေပြီမို့
သိက်စိတ်မဝင်စားကြ သူ့မှာသာ တစ်စုံတစ်ယောက်ကို မျက်လူံးထဲပြေးမြင်ကာ ထိုနေရာကနေ အကြည့်မကွာနိုင်ပေ
ကော်ဖီရကြောင်းပြောနေတဲ့ စားပွဲထိုးလေးရဲ့ အသံကိုပင်မကြားနိုင်တော့
စားပွဲထိုးကောင်မလေးက လက်တို့လိုက်မှာသာ ကော်ဖီရပြီးဖြစ်ကြောင်းသိသွားပြီး ထိုနေရာမှာ မထိုင်ချင်တော့တာမို့ ကော်ဖီခွက်ကို ကိုင်ကာ
အပြင်ပြန်ထွက်လာခဲ့သည်။

သို့နှင့် ပန်းခြံတစ်ခုဆီရောက်တော့ မြင်မြင်သမျှက အတွဲတွေနဲ့
လူကြီးတချို့ သတင်းစာဖတ်နေကြပြီး တချို့ကတော့ ခွေးတွေကြောင်တွေနဲ့ ဆော့ကစားကာ လမ်းလျောက်နေကြသည်။
စကိတ်စီးနေကြတဲ့ ကလေးတသိုက်လဲ ရှိနေပြန်တော့
ထိုနေရာမှာ ခဏ ဝင်ထိုင်ကာ ကော်ဖီသောက်နေလိုက်သည်။

အက်စ်ဆမ်း / * သေချာစဉ်းစားကြည့်မှ သူနဲ့ငါ
အမှတ်တရ များများစားစားမရှိခဲ့ဘူးပဲ
ဒါတောင် ငါက သတိရနေမိတယ်ဆိုတော့ သူဆိုရင်.....*

အသက်တမျှ အသက္တမွ် Opowieści tętniące życiem. Odkryj je teraz