မောင့်မျက်နှာနွေးနွေးကို တွေတွေလေး ငေးနေမိသည်။
မောင်ဟာ ပိုပြီး တည်ငြိမ်လာသည်အပြင် အပြုံးအရယ်မပါသည်မျက်နှာထားကပင် ဆွဲဆောင်မှု့ရှိလှ၏။ ဝတ်စုံဆင်တူဝတ်ထားပေမဲ့ မောင်ကိုယ်ပေါ်က ဝတ်စုံကပင် ပိုပြီး ခံ့ညားနေသယောင် ...
မျက်ခုံးနှစ်ခုထိလုမတက် ချုံ့ထားတဲ့ မောင့်မျက်နှာက
တစ်ခုခုကို တွေးတောနေဟန်ရှိသည်
သို့သော် တည်ငြိမ်နေဆဲ.....
မဟာ / ငေးလို့ဝပြီလား
မောင့်စကားသံကြားမှ သော်က သတိထားမိသည်
မောင့်ကိုငေးကောင်းကောင်းနဲ့ငေးလိုက်မိတာ
ပတ်ဝန်းကျင်တောင် မေ့ပါ ပကောလားမောင်ရယ်...
မောင့်ဆီက ထိုသို့အမေးခံရတော့
နေသော်က ရှက်ပြုံးလေးဖြင့် ခေါင်းငုံလိုက်မိသည်။
မဟာ / ပွဲထဲကြရင်လဲ မောင့်ကို ဒီလိုလေးပဲ
ငေးကြည့်နေပေးနော် သော်က...
မဟာထိုသို့ပြောတော့ မော့ကြည့်လာသော မျက်နှာလေးက နီရဲကာ
ပဟေဠိဆန်သော မျက်ဝန်းများဖြင့်...
ထိုကောင်လေးက အံ့သြနေသည်ဟန်...
မဟာပြုံးမိပါသည် ။
နေသော်က / *ငါနားကြားမမှားဘူးဆို မောင်က သူ့ကိုယ်သူမောင်လို့ သုံးနှုန်းလိုက်တယ် ပြီးတော့ ပြုံးပြပြန်တယ် တစ်ချိန်လုံး မင်းနဲ့ငါလို့ သုံးနှုန်းနေတဲ့မောင်ကလေ...
မောင်ရယ် ငါလောဘကြီးမိရင်ဖြင့် ခက်တော့မှာပဲ...*
နေသော်က မောင့်အပြုံးတွေကို ထပ်ငေးမိတယ်
ပြီးတော့သိမ်ငယ်မိပြန်တယ်
နေသော်က / * ဒီအရာတွေက ငါ့အတွက်
ခဏတာပဲရနိုင်တော့မဲ့အရာတွေပဲ
လောဘတက်နေတော့ရော ဘာထူးမှာတဲ့လဲ *
နေသော်က ကိုယ့်အတွေးနဲ့ ကိုယ် အားငယ်ကာ
ခေါင်းလေးပြန်ငုံ့သွားပြန်တော့
မောင်ဟာ သူ့လက်ဖဝါးနွေးနွေးနဲ့
သော်က လက်ဖဝါးတွေကို ဆုတ်ကိုင်လာတယ်
သော်က ထပ်မံ အံ့သြရပြန်ပါပြီ
သော်က ခေါင်းငုံထားရာမှ မော့ကြည့်ပြန်တော့
မောင့်ရဲ့ အပြုံးလှလှလေးတွေက စီးကြိုလို့...
နေသော်က / * ငါ့ကို ခဏခဏ မပြုံးပြပါနဲ့လား မောင်ရယ်
ငါလောဘကြီးမိသွားရင် ဒုက္ခပဲ...*
YOU ARE READING
အသက်တမျှ အသက္တမွ်