အသက်တမျှ အပိုင်း ၂

580 16 2
                                    

နေသော်ကနဲ့ မြင့်မိုရ် နှစ်ယောက်သားအချိန်အတော်ကြာစကားပြောနေပြီးမှ မင်းမဟာ ပြန်မရောက်ခင်မှာပင် မြင့်မိုရ်ပြန်သွားလေသည်။ မြင့်မိုရ်ကို ခြံတံခါးထိလိုက်ပို့ပေးပြီး အလှည့် နောက်က ကားဟွန်းသံကြောင့် နေသော်ကကျောချမ်းသွားသလိုပင်.....

တီတီ တီးး

မင်းမဟာ / သော်က အဲ့မှာဘာလုပ်နေတာလဲ!!!

နေသော်က / ဟို... ဟို... အော်!!! အကိုလေးပြန်လာတော့မှာမို့ထွက်စောင့်နေတာပါ

မင်းမဟာလဲ ထိုစကားကိုအတည်ကြီးယုံမှတ်သွားပြီး
လေသံမာနေရမှာ ချက်ချင်းပျော့ပြောင်းသွားလေသည်။

မင်းမဟာ / တကယ်လား သော်က မောင်ပြန်လာမှာကိုမျှော်နေပြီပေါ့။

နေသော်က / အမ် အော် အင်း ဟုတ်တယ်

မင်းမဟာ / ဟုတ်ပါပြီဗျာ ဒီလိုဆို မောင်ခဏနားပြီးရေချိုးလိုက်မယ် ဒီနေ့ အလုပ်ကိစ္စလဲအဆင်ပြေလာတယ်ဆိုတော့ မောင်အပြင်မှာညစာလိုက်ကျွေးမယ်

နေသော်က / ရ ရပါတယ် အဲ့လောက်ထိမလိုပါဘူး

မင်းမဟာ / ဘာလို့မလိုရမှာလဲ မောင့်အလာကိုစောင့်နေတဲ့ သော်က ကို မောင်ကဆုချတာ မွ

ထို့နောက် သော်ကရဲ့ပါးပြင်ပေါ်သိူ့ ကျရောက်လာတဲ့ အနမ်းနွေးနွေးတစ်ခု...

နေသော်က မကြိုက်ပါ ထိုကဲ့သို့ အပြုအမူမျိုးကို သော်ကလုံးဝလက်မခံချင်ပါ သူချစ်နေတာ မင်းမဟာမှမဟုတ်တာပဲလေ...

***************************************

လွင်မင်းဦး / ဘယ်လိုလဲ မြင့်မိုရ် မင်းရဲ့အစီအစဥ်က အလုပ်ဖြစ်ပါ့မလား

မြင့်မိုရ် /စောင့်ကြည့်လိုက်လေbossရယ် အဲ့နှာပိစုတ်ကောင်က
ကျွန်တော့်ကို လုံးဝကြွေနေပြီ သူ့ဆီကနေတဆင့် မင်းမဟာကုမ္ပဏီရဲ့ အတွင်းသတင်းနဲ့အချက်အလက်တွေကိုမကြာခင်ရတော့မှာပါ
ဟင်းးဟင်းး

လွင်မင်းဦး/ မင်းဟာကသေရောသေချာရဲ့လား

မြင့်မိုရ် / သေချာပါတယ် bossရယ် ကျွန်တော်သူ့ကိုနောက်ခါတွေ့တာနဲ့ဖွင့်ပြောလိုက်တော့မှာပါ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အစီအစဥ်တွေ မကြာခင်မှာ အောင်မြင်တော့မှာပါ ဟားးးဟားးဟားး

အသက်တမျှ အသက္တမွ် Where stories live. Discover now