အသက်တမျှ အပိုင်း ၃

366 15 0
                                    


နေသော်က နိုးလာတော့ ဘေးကတစ်ယောက်ယောက်စိုက်ကြည့်နေသလိုခံစားရတာမို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူထင်တာမမှားပေ သေချာပေါက် အကိုလေး မင်းမဟာပါပဲ...

နေသော်က / အ အကိုလေး ဘာလို့ ဒီလောက်စိုက်ကြည့်နေတာလဲ
သော်ကမျက်နှာ တော်တော်ညစ်ပတ်နေလို့လား...

မင်းမဟာ / ဟားးး မဟုတ်ပါဘူးဗျာ မောင်ကချစ်လို့ပါ

နေသော်ကမျက်နှာကြီးနီရဲကာရှက်နေသည်မှာ သိသိသာသာပင်

နေသော်က / ဒီ ... ဒီနေ့ ကုမ္ပဏီကိုမသွားဘူးလားအကိုလေး...

ထိုသို့မေးလိုက်ပေမဲ့
အသံမှာ ပုံမှန်ထပ်သိသိသာသာတိုးလျနေသည်။

မင်းမဟာ / အင်း ဒီနေ့တစ်ရက်တော့ သော်က နားမှာနေမလားလို့ပါ

မင်းမဟာ ထိုကောင်လေးရှက်နေမှန်းသိတာမို့
တမင် စ​နောက်လိုက်ခြင်း...

နေသော်က / တ တကယ်လား...

မင်းမဟာ / အဟားးဟားးး မောင်က စတာပါကွာ ကြည့်ပါဦးရှက်နေလိုက်တာများ...အဟားးး

နေသော်က / ဟာ အကိုလေးကလဲ ...

ထိုသို့ပြောပြီး ရှက်ရမ်းရမ်းကာ ရေချိုးခန်းထဲ ဝင်သွားလေသည်။
မင်းမဟာလဲ ပြုံးစိစိနှင့်ကုတင်ပေါ်မှာ တစ်ယောက်တည်းကျန်ခဲ့တော့သည်။

နေသော်က ရှက်ပြီးရေချိုးခန်းဝင်ပုန်းကာ ကိုယ်လက်သန့်စင်ပြီးမှ သတိရသည်က သူမှာ တဘက်ပါမလာခဲ့ဘူးဆိုတာပင်...

နေသော်က / ဟာ သွားပြီ အခုမှ တကယ်ပြသာနာတက်ပြီပဲ... ဟူးးး မတက်နိုင်တော့ဘူး...
အကိုလေး... အကိုလေး...

မင်းမဟာလဲ ကုမ္ပဏီ သွားဖို့အဝတ်ရွေးနေရင်းမှ နေသော်ကခေါ်သံကြောင့်...

မင်းမဟာ / အင်းပြောလေ သော်က

နေသော်က / ဟို... ဟိုလေ ကျွန်တော့် တဘက်လေး တစ်ချက်လောက်...

မင်းမဟာလဲအဓိပ္ပါယ်ပါပါပြုံးလိုက်ပြီး

မင်းမဟာ / ငါကဘာလို့ မင်းကိုတဘက်ယူပေးရမှာလဲ သော်က
လိုချင်ရင် မင်းဟာမင်းထွက်ယူလေး...

အသက်တမျှ အသက္တမွ် Where stories live. Discover now