အသက်တမျှ အပိုင်း ၁၅ zg

95 0 0
                                    


မင်းမဟာရဲ့အတွေးပုံရိပ်တွေမဆုံးသေးခင်မှာပဲ
ခြေလှမ်းတွေက မသိစိတ်ရဲ့စေညွှန်ရာအတိုင်း...
သူ့အိပ်ခန်းနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ အခန်းငယ်လေးဆီ...

ညအချိန်မှာ တိုက်ခတ်နေတဲ့ ညှင်းသွဲ့သွဲ့လေညင်းလေးရယ်
အတိတ်ပုံရိပ်တချို့ရယ်...
ပြီးတော့... မောင့်မျက်ရည်တွေရယ်ပေါ့...

အခန်းငယ်လေးရဲ့ တံခါးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်မိတော့
အဖြူရောင်အစတွေနဲ့ အုပ်မိုးထားတဲ့ ပရိဘောဂတွေ
အရင်လို တိတ်ဆိတ်မှု့လေးကတော့ ကြီးစိုးနေဆဲပါပဲ...

သူသည်လဲ အင်အားတို့ကုန်ခမ်းနေလေပြီ အခုချိန်မှာတော့ အိပ်တစ်ဝက် နိုးတစ်ဝက် ဖြစ်နေတဲ့ ကလေးလို
အိမ်မက်ကနိုးထလာချင်းချင်း ပြေးပြောစရာ အမေပျောက်နေတဲ့ ကလေးလို...
ဘယ်လောက်ပဲ နှစ်တွေကြာပြီပြောပြော
ဘယ်လောက်ပဲ မုန်းနေပြီပြောပြော
သူ့ခံစားချက် အစစ်အမှန် ကိုတော့
သူကိုယ်တိုင်လက်ခံထားရတာပါပဲလေ...

မင်းမဟာလဲ ထိုအခန်းငယ်ရှေ့မှာ ထိုင်ပြီး ငိုင်နေတုန်း

လင်းရောင်စဉ် / boss...

လေပြေအေးလေးနဲ့ ခေါ်လိုက်တာပါပဲ...
မင်းမဟာ ဘယ်လောက်ထိခံစားခဲ့ရလဲဆိုတာ
သူတို့ အသိဆုံးမို့ပဲလေ

လင်းရောင်စဉ်ခေါ်သံကြားမှ အိမ်မက်ကနိုးထလာသူလို...
မျက်ခမ်းစပ်က မျက်ရည်စီးကြောင်းကိုဖိသုတ်ရင်း
ပြုံးကာခေါင်းစပ်ပြလေသည်။
သဘောကတော့ ဘာလဲပေါ့...

လင်းရောင်စဉ် / bossကို ညစာစားဖို့ခေါ်ထားတာ နာရီဝက်ရှိပြီ bossဆင်းမလာတာနဲ့...

မင်းမဟာ / အော်... ဟုတ်လား
အင်း သွားမယ်လေ အခုသွားတာပေါ့

ထိုသို့ပြောက ရှေ့ကဦးဆောင်ပြီးဆင်းသွားပါသော မင်းမဟာ
လင်းရောင်စဉ်လဲ မင်းမဟာကိုကြည့်ကာ
သက်ပြင်းမောပဲချနိုင်တော့သည်လေ...

ထမင်းစားခန်းထဲ၌

မင်းမဟာက စားပွဲထိပ်ပိုင်းတွင်ထိုင်ကာ လင်းရောင်စဉ်နဲ့ ရိုဟန်က
မျက်နှာချင်းဆိုင် တစ်ဖက်တစ်ချက်စီထိုင်နေကြ၏။

အသက်တမျှ အသက္တမွ် Where stories live. Discover now