အသက်တမျှ အပိုင်း ၃၃

256 13 0
                                    

ဆေးရုံ၌

ဒေါက်တာ / လူနာကအဖျားကြီးသွားလို့ပါ ပြီး​တော့ ပင်ပန်းပြီး အားနည်းသွားတာလဲ ပါ ပါတယ်

မဟာ / အခုရော သူ့အခြေအနေ ဘယ်လိုရှိလဲ ဒေါက်တာ...

ဒေါက်တာ / ခဏနေ သတိရလာတော့မှာပါ အခုချိတ်ထားတဲ့ ဆေးကုန်တာနဲ့ ဆေးရုံက ဆင်းလို့ရပါပြီ

မဟာ / ဟုတ်ကဲ့ ကျေးဇူးပါ ဒေါက်တာ...

ထို့နောက် ဆရာဝန်ထွက်သွားပြီး မကြာမီ နေသော်က သတိရလာခဲ့သည်။

မဟာလဲ နေသော်က အနားကို စိတ်စေရာအတိုင်း
အပြေးသွားပြီးမှ ဘာပြောရမှန်းမသိ ကြောင်နေမိသည်။

နေသော်က / ~~ မောင်~~ အ...အကိုလေး...

မောင်လို့ တိုးတိုးလေး ခေါ်မိပြီးမှ ကြားသွားမည် စိုး၍
အကိုလေးလို့ ပြောင်းခေါ်လိုက်သည်။

မဟာ / အဟမ်း အင်း ပြော!!!

နေသော်က / ကျေးဇူးပါ...

မဟာ / မလိုပါဘူး မင်းတစ်ခုခုဖြစ်သွားမှ
ငါ့ကို အမှု့ပတ်နေမှာစိုးလို့ သက်သာရင်လဲ
ဒီဆေးကုန်တာနဲ့ အိမ်ပြန်မယ်

နေသော်က / ဟုတ်...

ဒီလိုနဲ့ သူတို့ နှစ်ဦးကြားက ရန်ခုန်မှု့နှုန်း လှိုင်းလေးက အနားသတ် ရိုက်ခတ်သွားပြန်သည်။

ခဏကြာတော့ ဝဏ္ဏနဲ့အတူ လေးယောက်သား
ဆေးရုံကိုရောက်ချလာ၏။

ေရာက်ရောက်ခြင်း ဝဏ္ဏက ဟန်မဆောင်နိုင်ပဲ နေသော်က ဆီပြေးသွားလိုက်လေသည်။

ဝဏ္ဏ / သက်သာလား သော်က ဘာဖြစ်သွားတာလဲ
အကို မင်းကို ဘယ်လောက်စိတ်ပူနေလိုက်ရလဲ...

နေသော်က / ဟုတ်ကဲ့ သက်သာပါတယ် အအေးဒဏ်မခံနိုင်ဘူးဖြစ်သွားတာပါ

ဝဏ္ဏ / ဟမ် အအေးကြောက်တာလား

နေသော်က / အင်း

နောက်က လင်းရောင်စဥ်ကတော့ နှာခေါင်းရှုံ့လျက်

ဝဏ္ဏ / ဒါဆို အကိုတို့ ပြန်ကြမယ်
သော်က နေကောင်းတာနဲ့ ချက်ချင်းပြန်ကြမယ် နော်...

နေသော်က / ဟင်...

နေသော်ကပင်တားချိန်မရလိုက် ဝဏ္ဏက မင်းမဟာဘက် လှည့်ကာ

အသက်တမျှ အသက္တမွ် Where stories live. Discover now