နေသော်က / အင်း ချစ်တယ် ကျွန်တော်ရောပဲအကိုကို့ချစ်တယ် အရမ်းချစ်တယ်မြင့်မိုရ် / တကယ်လား သော်က ဝမ်းသာလိုက်တာကွာ အကိုအရမ်းပျော်တာပဲ...
နေသော်က/ ဒါပေမဲ့...
မြင့်မိုရ် / ဒါပေမဲ့ ဘာဖြစ်လို့လဲ သော်ကလေးရဲ့
နေသော်က / အကိုလေး မင်းမဟာက ဒီနှစ်ကုန်ရင် လက်ထပ်ကြမယ်တဲ့
မြင့်မိုရ် /ဟင် တကယ်လား ဒါဆို ဘယ်လိုလုပ်ကြမလဲ
သော်ကလေးကရော မငြင်းဘူးလားနေသော်က / ကျွန်တော့်စကားက ဘယ်တုန်းက အရာထင်ခဲ့ဖူးလို့လဲ အကုန်သူ့သဘော သူ့ဆန္ဒကြီးပဲ အမြဲလုပ်နေတာလေ
ပြီးတော့ အကိုလေး မိဘတွေရဲ့ ကျေးဇူးက သော်ကအပေါ်မှာ အများကြီးရှိသေးတယ်မလား အဲ့ကျေးဇူးကိုလဲ ထောက်ထားရဦးမှာပေါ့...မြင့်မိုရ် / ဒါ ဒါဆို အကိုကရော ဟင်... သော်က...အကိုကရော
အကို့ကို ဘယ်လိုသဘောထားနေတာလဲကွာ
ချစ်တော့ အကိုနဲ့ လက်ထပ်တာကြ မင်းမဟာနဲ့ အဲ့လိုလုပ်မလို့လားမြင့်မိုရ်လဲ မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျကာ
ကားစီယာတိုင်ကို လက်သီးနဲ့တဗုန်းဗုန်းထုရိုက်ရင်း
အခဲမကျေဖြစ်နေလေသည်။နေသော်ကလဲ မြင့်မိုရ်ရဲ့ လက်လေးကို အသာဆုပ်ကိုင်လိုက်ရင်း
နေသော်က/ ကျွန်တော်တို့ နည်းလမ်းတစ်ခုကိုအမြန်ဆုံးရှာကြတာပေါ့ အကိုရာ...
မြင့်မိုရ် / တစ်နည်းတော့ရှိတယ်...
နေသော်က / ဘာလဲအကို...
မြင့်မိုရ် / သူ့ကို အကြပ်ကိုင်လိုက်ရင်ရော ကုမ္ပဏီ နဲ့ သော်က
သူ့တစ်ခုကိုပဲရွေးရမယ်ဆိုရင် သူ့ဘာကိုရွေးမလဲ
သေချာပေါက်သူ့မိဘရဲ့ စီးပွားရေးအရင်းခံခဲ့တဲ့ ကုမ္ပဏီကို ပဲရွေးမှာ ဟုတ်တယ်မလား ...နေသော်က / အကိုပြောချင်တာကို သော်ကနားမလည်ဘူး...
မြင့်မိုရ် / သော်က အကို့ကိုယုံလား...
နေသော်က / ယုံတာပေါ့ အကိုရဲ့...
မြင့်မိုရ် / ဒါဆို ရပြီ ဘာမှနားလည်စရာမလိုဘူး... အကိုတို့နီးစပ်ဖို့
အကိုခိုင်းတဲ့အတိုင်းသာ လုပ်ပေး ဟုတ်ပြီလား...
