အသက်တမျှ အပိုင်း ၃၂ zg

83 3 0
                                    


ဦးစိုင်းလုံ / လောပန်တို့ လာမယ်ဆိုလို့
ဖွယ်ဖွယ်ရာရာလေး လုပ်ထားပေမဲ့
ရှမ်း အစားအသောက်တွေ ဆိုတော့
ကြိုက်ရောကြိုက်ကြရဲ့လား

ရိုဟန် / ကောင်းပါတယ် စားလို့အရမ်းကောင်းတယ်
အားလုံး ဖွယ်ဖွယ်ရာရာလေးပဲ
ပြီးတော့ ခရီးပန်းလာလို့လား မသိဘူး
ဒီ အချဉ်ကြော်လေးကို ပိုကြိုက်တယ်

ဦး စိုင်းလုံ / အဲ့တာ စရစ်ဖူး ကြော်ပါ စားကောင်းတယ်ဆို
များများစားကြပါဗျ

မဟာ / ဦးစိုင်းလုံ! !!

ဦးစိုင်းလုံ / ဟုတ်ကဲ့ လောပန်

မဟာ / ဒီအိမ်မှာ အလုပ်သမား ဘယ်နှယောက်ရှိလဲ

ဦးစိုင်းလုံ / ပုံမှန်တော့ ဦးစိုင်းလုံ ပဲခြံစောင့်ရှိတာပါ
လောပန်တို့ လာမယ်ဆိုတော့ ထမင်းဟင်း ချက်ဖို့နဲ့ သန့်ရှင်းရေးအတွက် ဦးစိုင်းလုံ ရဲ့ အမျိုးသမီးနဲ့ သမီးကို ခေါ်ထားပါတယ်
သူတို့က မနက်ပိုင်းလာ ညနေဆို အိမ်ပြန် အဲ့လိုလုပ်မှာပါ

မဟာ / မလိုတော့ဘူး မခေါ်ပါနဲ့
ဦးစိုင်းလုံ ရဲ့အမျိုးသမီးကလဲ အသက်ကြီးပြီဆိုတော့
လုပ်နိုင်မှာ မဟုတ်လောက်ဘူး
ပြီးတော့ ဦးစိုင်းလုံရဲ့ သမီးကလဲ
အမျိုးသားတွေပဲရှိတဲ့ အိမ်ကို ဝင်ထွက်ဖို့
မသင့်တော်ဘူးမလား
အဲ့တော့ အဲ့တာတွေ အားလုံးအတွက်
အကူအညီတောင်းပါတယ်
နေ သော် က... !!!

နေသော်က ရုတ်တရက်မို့ ကြောင်ကြည့်နေမိ၏။

မင်းမဟာ / မင်းအတွက် တန်ရာ တန်ကြေးပေးမှာပါ
ဘယ်လိုလဲ လုပ်မလား...

နေသော်က / ဟင်...

နေသော်က ဝမ်းနည်းမိသည်

နေသော်က /* ငါက အခုချိန်ထိ မောင့်အတွက်
အစေခံ သပ်သပ်ပဲလား မောင်ရယ်... *

ဝဏ္ဏ / boss မဟာ ဒါက အရမ်း မလွန်လွန်းဘူးလား
တကယ်လို့ ဦးစိုင်းလုံ သမီးကို မလုပ်စေချင်ရင်လဲ
တခြားသူခေါ်လို့ရ ရဲ့သားနဲ့ ဘာလို့ သော်က ကိုလဲ

မဟာ / တခြားသူဆို မယုံရဘူးလေ
တကယ်လို့ သူ့ကို မလုပ်စေချင်ရင် မင်းလုပ်မလား...

ဝဏ္ဏ / boss ဒါက သပ်သပ် ညစ်...

နေသော်က / ကျွန်တော် လုပ်ပါ့မယ်!!!

အသက်တမျှ အသက္တမွ် Where stories live. Discover now