အသက်တမျှ အပိုင်း ၄၆

268 11 0
                                    

လွင်မင်းဦး / မြင့်မိုရ်! !!မြင့်မိုရ် မင်းဘာတွေ လျောက်လုပ်နေတာလဲ!!!

ရိုဟန့်ကို လွှတ်ပေးပြီးချင်းပင် လွင်မင်းဦးက ရောက်လာခဲ့သည်မို့
မြင့်မိုရ်က အထိတ်တလန့်ဖြင့်

မြင့်မိုရ် / မဟူတ်ဘူး ကိုကို! !! မောင်ရှင်းပြမယ်!!!

လွင်မင်းဦး / မင်းငါ့ကို ရှင်းပြနေလဲ အပိုပဲ
အခု မင်းအနံံ့ကို ရဲ ကရပြီးလိုက်ဖမ်းနေပြီ အဲ့တာမင်းသိလား

မြင့်မိုရ် / ဘာပြောတယ် !!!

ထို့နောက် စူးရှသော မျက်လုံးတစ်စုံနဲ့ မဟာနဲ့ ရိုဟန့်ဆီ အကြည့်ပို့သည်။
မဟာက မသိချင်ယောင်ဆောင်လျက်ပင်

မြင့်မိုရ် / မင်းတို့က ကောင်းကောင်းအိမ်မပြန်ချင်ဘူးကို

လွင်မင်းဦး / မင်းမဟုတ်တာတွေ လျောက်မလုပ်နဲ့တော့ မြင့်မိုရ်

မြင့်မိုရ် / ကိုကိုအသာနေပါ
တစ်ယောက် ကိုကို့ကို အိမ်ပြန်လိုက်ပို့လိုက်စမ်း

လွင်မင်းဦး / ငါမပြန်ဘူး မင်းပါ ငါနဲ့အတူ ပြန်လိုက်ခဲ့

မြင့်မိုရ် / ကျွန်တော် ကိစ္စတစ်ချို့ဖြေရှင်းပြီးရင် ပြန်လာမှာမို့
စိတ်မပူပဲ အရင်ပြန်နှင့်ပါ

လွင်မင်းဦး / မြင့်မိုရ်! !!

မြင့်မိုရ်က မျက်စိတစ်ဖက်မှိတ်ပြသွားကာ
သူ့ကို ကျောခိုင်းပြီး မဟာတို့ဆီ
တည့်တည့်လျောက်သွားနေသည်။

မဟာနဲ့ ရိုဟန့်က အခုချိန်မှာတော့
ပြေးပေါက်ပိတ်မိနေသလိုပင်
ဘေးပတ်ပတ်လည်မှာ မြင့်မိုရ်ရဲ့ လူတွေရှိနေပြီး
တစ်နေရာမှ ပြေးပေါက်မရှိ...
လွင်မင်းဦး ကလဲ မြင့်မိုရ်တပည့်တစ်ယောက်ရဲ့
ဆွဲခေါ်ခြင်းကိုခံနေရသည်တိုင်
အတင်း ရုန်းနေပြီး
မြင့်မိုရ်ကို အမှားတွေ ထပ်မလုပ်ဖို့တားနေပြန်သည်။
အခြေအနေက. လုံးဝကို ရုန်းရင်းဆန်ခတ်ပင်...

ထိုအချိန် ကြားလိုက်ရတဲ့ သေနတ်သံက
အားလုံးကို တိတ်ဆိတ်သွားစေသည်။

မကြာပါ အပြင်ဘက် ကနေ မြင့်မိုရ်ကို လက်နက်ချပြီး
အဖမ်းခံဖို့ အော်သံကို ကြားလိုက်ရသည်။

အသက်တမျှ အသက္တမွ် Where stories live. Discover now