အသက်တမျှ အပိုင်း ၁၇

273 12 0
                                    

မြင့်မိုရ် / ကိုကို ဒီနေ့ ဝတ်စုံနဲ့ လက်စွပ်သွားရွေးကြမယ်နော်

မြင့်မိုရ် ကုမ္ပဏီ သွားဖို့ ပြင်ဆင်နေရင်း ကုတင်ပေါ်က laptopတစ်လုံးနဲ့ မျက်မှောင်လေးကုတ်ကာ အလုပ်ရှုပ်နေတဲ့ လူသားလေးကို လှမ်းပြောလိုက်သည်။

လွင်မင်းဦး / အင်း...

အင်း တလုံးသာဆိုပြီး ဘာမှဆက်မ​ပြောပဲ laptop နဲ့သာ အလုပ်ရှုပ်နေတဲ့ သူလေးကြောင့် မြင့်မိုရ် သိပ်တော့မကျေနပ်

မြင့်မိုရ် / ကိုကို...

လွင်မင်းဦးက ဘာလဲဆိုတဲ့သဘောနဲ့ မေးစပ်ပြပေမဲ့
အကြည့်တို့ကတော့ သူ့ဆီလုံးဝရောက်မလာ...

မြင့်မိုရ် / ကိုကို! !!

အံကြိတ်က "ကိုကို" လို့ ဖိအော်လိုက်မှ
မျက်လုံးပြူးလေးနဲ့ လှည့်ကြည့်လာသူ

မြင့်မိုရ် / ခဗျားလင်က ဒီမှာနော်! !!
အဲ့ laptopက ခဗျားလင်လောက်အရေးကြီးနေလို့လား!!!

လွင်မင်းဦးလဲ ပခုံးလေးပဲတွန့်ပြလိုက်သည်။ ပြီးတော့ laptopဆီပဲအကြည့်ပြန်ရောက် သွားပြန်သည်။
သဘောကတော့ ထင်ချင်သလိုထင်ပေါ့...

မြင့်မိုရ် / ဟူးးးး * မြင့်မိုရ် စိတ်လျော့ စိတ်လျော့ အလိုလိုမှ
မင်းအတင်းအကျပ်လက်ထပ်ဖို့ကြိုးစားလို့
ကိုကိုက စိတ်ဆိုးနေတာ
အခုလို ထပ်ကြမ်းနေရင်
သူ မင်းကိုပိုမုန်းသွားလိမ့်မယ် စိတ်လျော့ စိတ်လျော့... *

မြင့်မိုရ် အတက်နိုင်ဆုံးစိတ်ပြန်ထိန်းလိုက်ပြီး သူ့ကိုကိုဘေး ဝင်ထိုင်လိုက်သည်။
လွင်မင်းဦးကတော့ ခုထိ သူ့ကိုပြန်မကြည့်သေး...

မြင့်မိုရ် လွင်မင်းဦးရဲ့ လက်သွယ်သွယ်လေး တစ်ဖက်ကို ဖမ်းဆုတ်လိုက်သည်။
ပြီးနောက် နှုတ်ခမ်းပါးလေးနဲ့ အပ်နှံလိုက်ရင်း

မြင့်မိုရ် / ကိုကို ကျွန်တော်တို့ နှစ်ယောက်က နီးလျက်နဲ့ ဝေးနေသလိုပဲနော်...

တိုးဖျဖျ​လေးဆို​လာတဲ့ စကားသံတစ်ချို့က
ဝမ်းနည်းရိပ်သန်းနေမှန်း သိသာလှသည်။

မြင့်မိုရ် / ကျွန်တော့်ကို ဂရုမစိုက်သလိုပုံစံနဲ့ ပြစ်ထားတာ
ဆယ်စုနှစ် တစ်ခုရှိသွားပြီနော်
ဘယ်အချိန်ထိ ကျွန်တော်နဲ့ ကျွန်တော့် အချစ်တွေကို
ဥပက္ခာပြုထားဦးမှာလဲ...

အသက်တမျှ အသက္တမွ် Where stories live. Discover now