မဟာ / *သူငိုနေမယ်ထင်တယ်*
ငါသူ့အပေါ် မတရားခဲ့ဘူးပဲ
ဟာ ကျစ်! !!
လင်းရောင်စဉ် / boss...
ဘာလို့ ဆေးလိပ်တွေ ပြန်သောက်နေတာလဲ
မဟာ / အော် တွေးစရာလေးနည်းနည်းရှိလို့ပါ
ဒါနဲ့ မင်းကရော
လင်းရောင်စဉ် / ဒီလိုပဲ ပြသာနာနည်းနည်းရှိလို့
လမ်းခွဲလိုက်ကြတယ်
မဟာ/ လမ်းခွဲတယ်!!!
လင်းရောင်စဉ်က မင်းမဟာကို
အပြုံးတစ်ခုသာပြုံးပြလိုက်ပြီး
ဝရံတာက တဆင့် မြင်နေရတဲ့ လမင်းကြီးကို
တောက်တောက်ပပကြည့်နေ၏။
မင်းမဟာ မှာသာ အံ့သြကာ
လင်းရောင်စဉ်ကို လိုက်ကြည့် နေရသည်။
လင်းရောင်စဉ်က မဟာ့ကို တချက်မကြည့်ပဲ
လင်းရောင်စဉ် / ဘာများ အံ့သြစရာရှိလို့လဲ boss
ချစ်သူနှစ်ဦး စိတ်သဘောထားချင်း မတိုပ်ဆိုင်တော့လို့
လမ်းခွဲလိုက်ရုံပါ
မဟာ / ရိုဟန်က လမ်းခွဲပေးတယ်ပေါ့...
လင်းရောငျစဥျ / အင်း သူအရင်လမ်းခွဲဖို့ပြောခဲ့တာ
မဟာ / ဒီကောင်ရူးနေပြီလား! !!
လင်းရာင်စဉ် / bossနဲ့ အကိုအက်စ်တို့
အခြေအနေကရော...
မဟာလဲ လင်းရောင်စဉ် အမေးကြောင့်
ဆေးလိပ်ကို အားရ ပါးရ ရှိုက်ဖွာလိုက်ကာ
ပြာခွက်ထဲသို့ ဖိချေပြစ်လိုက်ပြီး
ဆေးလိပ်အငွေ့တွေကို လေပူတွေနဲ့အတူ
မှုတ်ထုတ်ပြစ်လိုက်သည်။
မဟာ / ကနေဒါကို ပြန်တော့မယ်ပြောတယ်
ငါ နေသော်က ကို ဂရုစိုက်နေတာ
သူ့ကို နာကျင်အောင်လုပ်နေသလိုပဲတဲ့
ငါ့မှာ တားပိုင်ခွင့်တောင်မရှိတော့ဘူး
ငါသူ့အပေါ် မတရားမှန်းသိပါတယ်
ဒါပေမဲ့ ငါအစောကြီးထဲက အက်စ်ကို
အပြတ်ငြင်းထားပြီးသားပဲလေ...
လင်းရောင်စဉ် / ဒါဆို bossက နေသော်ကနဲ့...
မဟာ လက်ကာပြလိုက်သည်။
မဟာ / အဲ့အခြေအနေထိ မရောက်သေးပါဘူး
လင်းရောင်စဉ် / ကျွန်တော်ကတော့
အကိုအက်စ်ကိုပဲသနားတယ်
သူက bossအတွက်
အသင့်တော်ဆုံးသူပဲ လို့လဲ မြင်မိတယ်
