အသင်တမျှ အပိုင်း ၂၅

248 13 0
                                    


ဝဏ္ဏ အိမ်ပြန်ရောက်တော့ ဧည့်ခန်းမှာ ဖုန်သုတ်ရင်း တစ်ခုခုကို အတွေးလွန်နေပုံရတဲ့ ကလေးငယ်က သူပြန်လာမှန်းတောင်မသိတဲ့ပုံမို့ လူခေါ်ဘဲလ်ကို ၃ချက်လောက် ဆင့်တီးလိုက်မှ
တံခါးကို လှည့်ကြည့်လာ၏။

ထို့နောက်

ဝဏ္ဏ / ဘာတွေများ အတွေးလွန်နေလို့ ကိုယ်ရောက်တာတောင်
မသိရတာလဲ ...

နေသော်က / ဘာရယ်မဟုတ်ပါဘူး ဒီအတိုင်းပါပဲ
ဒါနဲ့ မောင်ရော...

ဝဏ္ဏ / သွားပြီ....

နေသော်က / အော်...

နေသော်က မချိပြုံး ပြုံးမိသည်။

နေသော်က / * အော် မောင်ရယ် ...
တကယ်ပဲ အချစ်သစ်နဲ့ ပျော်နေပြီလားဗျာ... *

..................................______...............................

အက်စ်ဆမ်း / မဟာ...

မင်းမဟာ / ဟင်

မင်းမဟာ ကားမောင်းနေရင်း အက်စ်ဆမ်းကိုလှည့်ကြည့်ကာ
ခေါင်းဆက်ပြလိုက်သည်။

အက်စ်ဆမ်း / အခုသွားမဲ့ ခရီးက ဘယ်လောက် ကြာမှာလဲ

မင်းမဟာ / အလွန်ဆုံး တစ်ပတ်လောက်ပါပဲ

အက်စ်ဆမ်း / အော်...

မင်းမဟာ / ဘာလို့လဲ...

အက်စ်ဆမ်း / မြင့်မိုရ်ရဲ့ မင်္ဂလာပွဲက ဒီလထဲမှာပဲလေ ပြီးတော့ ငါကို ဖိလစ်အနေနဲ့ ဖိတ်ထားတယ် ငါသွားရမယ်လေ

မင်းမဟာ / အဟက်... ဘာလို့ အဲ့ မင်္ဂလာဆောင်ကို ဒီလောက် စိတ်ဝင်စားနေတာလဲ အက်စ်...

အက်စ်ဆမ်း / သူ့ရဲ့ သတိုးသားကို ကြည့်ချင်လို့
ပြီးတော့ ထူးဆန်းတာက သူယူမဲ့ သတိုးသားနာမည်က
မင်းပြောနေကြ
မင်းချစ်သူရဲ့နာ​မည်မဟုတ်လို့လေ

မင်းမဟာ ကားကို လမ်းဘေးချရပ်လိုက်သည်။

ထို့နောက် အက်စ်ဆမ်းဘက် တည်တည်လှည့်ကာ

မင်းမဟာ / ဘာပြောလိုက်တယ် အက်စ်! !!
ခုနစကားပြန်ပြောစမ်းပါ...

အက်စ်ဆမ်း / မင်းရော စိတ်ဝင်စားသွားတယ်မလား
ငါလဲ အဲ့တာပဲ သိချင်နေတာ ကြည့်ရတာ
တစ်ခုခုတော့ လွဲနေပုံပဲ...

အသက်တမျှ အသက္တမွ် Where stories live. Discover now