အသက်တမျှ အပိုင်း ၃၀ zg

93 2 0
                                    

လွင်မင်းဦးတစ်ယောက် ဦးခေါင်းတစ်ခုလုံး
ကိုက်ခဲကာ နိုးလာခဲ့သည်။
နိုးလာခြင်း မြင်လိုက်ရတာက
မီးတွေ လင်းထိန်နေတဲ့ အခန်းတစ်ခန်းထဲမှာဖြစ်သည်။
မှတ်ဉာဏ်တွေကို အလျင်အမြန် အလုပ်ပေးမိတော့
သူ့ကို လူတစ်ယောက်က နောက်ကနေ မေ့ဆေး အုပ်လိုက်တာကိုတော့မှတ်မိသည် ထို့နောက် သတိလစ်သွားပြီး
သူ ဘာမှမသိတော့

ဒါမဲ့ အခုရောက်နေတဲ့ နေရာက ဆေးရုံဖြစ်ဟန်တူသည်။
ဖမ်းခေါ်လာခံရတယ်ပြောရအောင်လဲ မဟူတ်ပြန်
သူ့လက်တစ်ဖက်ရဲ့ တင်းကြပ်စွာ ဆုတ်ကိုင်ခံ ထားရတာကို သတိထားမိတော့.....

သူ့ရဲ့ ဘယ်လက် ကို ကိုင်ကာ အိပ်မောကြနေတဲ့မြင့်မိုရ်ကိုတွေ့လိုက်ရသည်။

သေချာကြည့်မိတော့မှ ဒီကလေး တော်တော်ပိန်သွားတာပဲ
ပြီးတော့ သူအတိတ်မှာ သိခဲ့တဲ့ မြင့်မိုရ်နဲ့တော့ နည်းနည်း ခြားနားသွားတယ် ပိုသန့်လာတယ် ပိုတည်လာတယ်
ပိုပြီး ရက်စက်တက်လာတယ်
နူးညံ့ပြီး ကြင်နာတက်တဲ့ မြင့်မိုရ်ကတော့
အတိတ်တစ်နေရာမှာ ကျန်ခဲ့ပြီပေါ့...

လွင်မင်းဦးလဲ သတိ ရရခြင်း အတွေးလွန်နေတာနဲ့
မြင့်မိုရ် နိုးသွားတာကို သတိမထားမိလိုက်ပေ...

မြင့်မိုရ် / ဟမ်... ကိုကို သတိရနေပြီလား.....
တောင်းပန်ပါတယ်ဗျာ ကျွန်တော် ခဏ မှေးရင်း အိပ်ပျော်သွားတယ် ဟင်းးး ညတောင်ရောက်နေပြီပဲ ကိုကို ဗိုက်ဆာနေပြီလား
တစ်ခုခုစားမလား ကျွန်တော် သွားဝယ် လိုက်မယ်...

လွင်မင်းဦး လဲ သူ့ရှေ့က ပြာယာခက်နေတဲ့ ကောင်လေးကြောင့်
ငိုရခက် ရီရခက်...

လွင်မင်းဦး / နေပါစေ မဆာဘူး...

မြင့်မိုရ် / မဆာပေမဲ့ ဆေးတွေ သွင်းနေရတော့
အားရှိအောင် နည်းနည်းတော့ စားလိုက်ပါ
ကျွန်တော်မသွားတော့ဘူး ကိုကိုဘေးမှာနေပေးမယ်
အပြင်က အစောင့် တစ်ယောက်ကို သွားဝယ်ခိုင်းလိုက်မယ်နော်

လွင်မင်းဦး လဲ ပြိုင်မငြင်းချငိတော့တာမို့ ခေါင်းသာငြိမ့်ပြလိုက်သည်။ထို့နောက် ပြန်မှေးနေလိုက်၏။

မြင့်မိုရ် ကတော့ ဖုန်းဆက်ကာ
အစားအသောက်မှာနေသည် ထင်၏။
မြင့်မိုရ် လွင်မင်းဦးရှိရာ လှည့်ကြည့်လိုက်တော့
မျက်လုံးလေးမှိတ်ထားကာ မျက်မှောင်လေးကျုံ့နေသည်မို့

အသက်တမျှ အသက္တမွ် Where stories live. Discover now