အသက်တမျှ အပိုင်း ၄၈zg

114 3 0
                                    

လင်းရောင်စဉ် ကုမ္ပဏီ ကပြန်လာတော့ ရိုဟန်ရော မဟာပါ အိမ်ပြန်ရောက်နေတာမို့ အံ့သြ သွားရသည်။
ဧည့်ခန်းထဲမှာ ၃ယောက်သား ထိုင်နေကြပြီး
ဘာစကားမှလဲ ပြောသံမကြား တာမို့ သူပါ ဝင်လာလိုက်သည်။

လင်းရောင်စဉ် / ဘာလို့ ဆေးရုံက ဆင်းလာကြတာလဲ
ပြောတော့ နောက်လလောက်မှ ဆေးရုံက ဆင်းမှာဆို

မဟာ / ဟုတ်တယ် ဒါမဲ့ ဆင်းရမဲ့ အကြောင်းအရင်းပေါ်လာလို့

လင်းရောက်စဉ်က ဘာလဲ ဟုသော အကြည့်ဖြစ်ကြည့်နေသည်။
ရိုဟန်က သက်ပြင်းချကာ မဟာ့ကိုတလှည့်
နေသော်က ကိုတလှည့် ကြည့်နေ၏။
နေသော်က ကတော့ ခေါင်းငုံထားသည်မှာကြမ်းပြင်နဲ့ ထိလုမတက်...

လင်းရောင်စဉ် / ကိစ္စ တစ်ခုခု ရှိလို့လား

မဟာ / သော်ကမှာ ကိုယ်ဝန်ရှိနေပြီ !!!

နေသော်က / မောင် !!!

နေသော်က လန့်သွားကာ မဟာ့လက်ကို ကိုင်လိုက်မိသည်။

လင်းရောင်စဉ် / ဘာပြောတယ်!!!
နေ သော် က မင်း မင်း ဒါဘယ်သူနဲ့ရတာလဲ ဘယ်တုန်းကလဲ
ဟမ် !!! ဘယ်လိုဖြစ်ရတာလဲ
မင်းပြောတော့ bossကိုပဲ ချစ်တာပါဆို
အခုကျတော့... ဒါ...မင်း ဘယ်လိုဟာလဲ

နေသော်က / မဟုတ်ပါဘူး

မဟာ / အဲ့ ကိုယ်ဝန်က ငါနဲ့ရတာ! !!

လင်းရောင်စဉ် / boss! !!boss သူ့ကို အရမ်းချစ်တာ
နားလည်ပါတယ်
ဒါမဲ့ ဒီလိုကိစ္စမျိုးက မဆင်မခြင်ပြောလို့မရဘူးလေ!!!

မဟာ / ငါတကယ်ပြောနေတာ ငါတို့ အတူနေမိသွားတယ်
မြင့်မိုရ်တို့ မင်္ဂလာပွဲနေ့က ပြန်လာတော့...

လင်းရောင်စဉ်မှာ ပါးစပ်အဟောင်းသားဖြင့် နားထောင်နေရသည်။

ရိုဟန်ကတော့ ကြားပြီးသားတွေ
ပြန်ကြားနေရသည်မို့ သိပ်တော့ မအံ့သြ

မဟာလဲ အားလုံးရှင်းပြပြီးတော့

မဟာ / ငါသူ့ကို လက်ထပ်မှာဖြစ်တော့မယ် ဘာပဲဖြစ်ဖြစ်
ငါသူ့ကိုမုန်းနေတယ် ဆိုဦးတော့ ငါက ယောက်ျားကောင်းလေ
ကိုယ့်တာဝန် ကိုယ်ယူသင့်တာပေါ့

လင်းရောင်စဉ် ဘာမှမပြောနိုင်တော့ပေ
သူသဘောမတူချင်လဲ တူရတော့မည်သာ

အသက်တမျှ အသက္တမွ် Where stories live. Discover now