အသက်တမျှ အပိုင်း ၁၁ zg

617 3 0
                                        


ဒေါသ စေစားရာအတိုင်း အရှိန်ပြင်းပြင်းနဲ့
မောင်းနှင်လာသောကားလေးသည်
ရန်ကုန်မြို့ရဲ့ မြို့ပြင်တစ်နေရာ၌ ရပ်တန့်လျက်...

ထိုကားထဲတွင်တော့ မင်းမဟာတစ်ယောက် ကားစီယာတိုင်ကို
ခပ်ကြမ်းကြမ်းဆုပ်ကိုင်ရင်း မာနမျက်ရည်များနာကျည်းခြင်းမျက်ရည်များမြေခလျက် အားကုန်အော်ဟစ်မိသည်က

မင်းမဟာ / ငါမင်းကိုမုန်းပြစ်ချင်လိုက်တာ !!!

နာကျင်နေတဲ့ ဝဲဘက်ရင်အုံကိုလစ်လျူရှူ့လျက် မရေရာလှတဲ့ အနာဂတ်တွေဆီမှာ မောင်သိပ်ချစ်ရတဲ့ သော်ကလေးဆိုတာ
ပါမလာလောက်တော့ပါဘူး ကလေးငယ်...

မငိုချင်ဘူး ဒါမဲ့ အလိုက်မသိတဲ့ မျက်ဝန်းတွေက
မျက်ရည်တွေကျနေမိတုန်းပဲ တချို့ပြောကြတာတော့
နာကျင်လွန်းရင် ငိုစရာမျက်ရည်မရှိတော့ဘူးတဲ့လေ
အဲ့လိုပြောတဲ့သူတွေဟာ လိမ်တာပါ လိမ်နေတာ တကယ်တော့ မျက်ရည်တွေဆိုတာ ကုန်ခမ်းရိုးထုံးစံမှမရှိတာပဲ...

မောင်ငိုမယ် သော်က မောင်အော်ဟစ်ငိုကျွေးပြစ်မယ်
မင်းမရှိတဲ့ အရပ်မှာ မင်းမသိနိုင်တဲ့ နေရာမှာ
မင်းလာပြီးမနှစ်သိမ့်ပေးနိုင်တဲ့အထိ
ဒါမဲ့ ဒါဟာနောက်ဆုံးပဲ မောင်မင်းကိုမုန်းပြစ်မယ်
မရလည်းရအောင်မုန်းပြစ်မယ် .....
နေကြည့်လိုက်ပါ မောင်မရှိတဲ့ အရပ်မှာ ...
ပျော်ကြည့်လိုက်ပါ မောင်မဟုတ်တဲ့ တခြားသောသူရင်ခွင်မှာ...
နေတက်အောင်နေပါ မောင့်ရဲ့ ဂရုစိုက်မှု့တွေ
ချစ်ခြင်းမေတ္တာတရားတွေ ကင်းဝေးတဲ့ အရပ်မှာ ...
နောက်ထပ်တစ်ခုကတော့ မောင့်အတ္တတွေနဲ့
ဝေးတဲ့နေရာလေးမှာပေါ့ ကလေးရယ်...

............................................................................

နေသ်ာက လဲ မောင့်ရဲ့အော်သံကြောင့်ကားပေါ်ကဆင်းပြေးပြီး ရောက်ရာပေါက်ရာ သွားလာနေမိသည်။
ဒီအချိန်မှာ သူသိတာက မောင်ရယ် မောင်ရယ် မောင်ရယ်ပါပဲ...

လွန်ခဲ့တဲ့ညက အကိုမြင့်မိုရ် သူ့ဆီဖုန်းဆက်ခဲ့တယ်
တိတိကျကျပြောရင် မနေ့ညကပေါ့...

ဖုန်းထဲမှာပြောတာက စာချုပ်တစ်ခုကို
ကုမ္ပဏီနှစ်ချုပ်စာရင်းတွေကြားညှပ်ကာ ယူသွားပြီး မင်းမဟာလက်မှတ်ထိုးဖို့လိုသည်တဲ့ ပြီးတော့ ...ပြီးတော့
ထိုစာချုပ်ကိုပြကာ
အကိုနဲ့ မင်းနဲ့ နှစ်ယောက်တစ်ကမ္ဘာတည်လို့ရအောင်
မင်းမဟာဆီက မင်းကိုတောင်းခံမယ်တဲ့လေ
ဒီလိုပြောခဲ့တဲ့ အကိုက ဘာကြောင့်များ ...ဘာကြောင့်များ ကုမ္ပဏီရဲ့ ရှယ်ရာတွေ အားလုံးကို သိမ်းယူသွားပါသနည်း။
အမေးရှိရင် အဖြေရှိတယ်တဲ့ အခုကျွန်တော့်ရဲ့မေးခွန်းကိုရော မည်သူဖြေပါမည်နည်း။
မောင့်ကို အာရုံလွှဲဖို့ ထမင်းစားခေါ်ခဲ့တာမှန်ပေမဲ့
တကယ်ပဲမောင်နဲ့အတူ လက်စုံစားချင်ခဲ့ပါတယ်
တစ်...တစ်ခါလောက်တော့ မောင့်ကိုဂရုစိုက်ပေးချင်ခဲ့မိတာပါ
ဒါမဲ့အစစအရာရာစေ့စပ်သေချာသူမောင်က
သူကပဲကိုယ့်ကိုပြန်ဂရုစိုက်သွားတယ်လေ...
အချိန်တိုင်းမောင့်အနားကနေ
မောင့်ကိုဒုက္ခပေးဖို့ စောင့်နေတဲ့ငါက
မောင့်ကိုပြန်ဂရုစိုက်ချင်တာ
နည်းနည်းတော့ ရူးတယ်ဆိုမလားလေ...

အသက်တမျှ အသက္တမွ် Donde viven las historias. Descúbrelo ahora