ခုချိန်ထိ လမ်းဘေးတစ်နေရာမှာရပ်ထားဆဲဖြစ်သည့် ကားလေးထဲကလူနှစ်ဦးသည် ကိုယ်စီကိုယ်စီအတွေးတို့ဖြင့်နယ်ချဲ့လျက်
ကိုယ့်ခံစားချက်နဲ့ကို ဘာစကားမှမဆိုမိကြပေ...
ကားထဲ၌ တိတ်ဆိတ်မှု့တို့ကြီးစိုးလျက်...တစ်ခါတစ်ရံ ရိုက်သံသေးသေးလေးမှလွဲရင် ဘာအသံမှ ထွက်ပေါ်လာခြင်းမရှိပါပေ...ထိုတိတ်ဆိတ်မှုတို့ကို ဖြိုခွင်လိုက်သူမှာ ဝဏ္ဏပင်...
ဝဏ္ဏ / ဒါဆို မင်းကအခု bossမင်းမဟာအပေါ်ချစ်နေမိပြီပေါ့...
နေသော်က ခေါင်းလေးပဲငြိမ့်ပြရှာ၏။
ဝဏ္ဏ / မင်းတကယ်ပဲ boss မင်းမဟာအပေါ် ချစ်နေရင်တော့ လောကကြီးကပြစ်မထားလောက်ပါဘူး...
ဒါနဲ့ boss မင်းမဟာက boss အက်ဆမ်းစ်နဲ့ ဘာညာဘာညာ
လို့ သတင်းထွက်နေတယ်နော် အဲ့တာရော မင်းသိလား...နေသော်က ပြူးကြောင်ကြောင်လေးလှည့်ကြည့်ကာ ခေါင်းယမ်းပြရှာသည်။
ဝဏ္ဏလဲ သက်ပြင်းအသာချကာ
ဒီကလေး ဖြူစင်မယ်ဆိုတာ သူသိပါတယ်
သူ့ မသိစိတ်ကလဲ ဒီကလေးက အသုံးချခံရတယ်ဆိုတာကို
ရဲရဲကြီး ယုံကြည်မိတာမို့ တကယ့်ကိုသနားမိသည်။
အခုတော့ ဒီကလေးကကြားခံနယ် သက်သက်သာဖြစ်နေပြီး
တစ်ဖက်ကလဲ မုန်း တစ်ဖက်ကလဲ စွန့်ပြစ်လိုက်တယ်လေဝဏ္ဏ / ကောင်းပြီ
ငါ bossမင်းမဟာရဲ့စိတ်ကို မြင်အောင်ကြည့်မယ်
သူသာ မင်းအပေါ်ချစ်မြတ်နိုးနေသေးတယ်ဆိုရင်
ငါမင်းကို ကူညီပေးမယ်...နေသော်က / ကျေး..ကျေးဇူးအများကြီးတင်ပါတယ် အကိုဝဏ္ဏ
ဝဏ္ဏ / အဟက် အခေါ်အဝေါ်တွေပါပြောင်းလို့ပါလား...
အောင်သွယ်တော်လုပ်ရတဲ့ မျက်နှာတော်တော်ကြီးတာပဲဝဏ္ဏထိုသို့ စနောက်လိုက်မှ
မျက်ရည်များကြား ပြုံးရွှင်လာသူလေး...
ဒီကလေးကို ဝဏ္ဏ ကိုယ့်ညီအရင်းလေးလို့စောင့်ရှောင့်ပေးချင်မိတာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်လောက်ပါဘူးလေ...............................................................................
လင်းရောင်စဉ် / ဟို အခုအလုပ်ကိစ္စလဲဆွေးနွေးပြီးပြီဆိုတော့...
အပြင်သွားကြမလား...
အာ...မေ့နေတာ ဟိုးနေ့က အကိုအက်ဆမ်းစ်ကပြောဖူးတယ်လေ
bossပိုင်တဲ့ အပန်းဖြေဥယျာဉ်ကိုကြည့်ချင်တယ်ဆိုပြီးတော့...
YOU ARE READING
အသက်တမျှ အသက္တမွ်