အခန်း(၅၉)

1.1K 199 1
                                    

                     <အတင်းအဖျင်း>

ပထမဆုံးအနေနှင့် ဝမ်ရွှမ် စဥ်းစားမိသည်ကား သူနှင့် ရင်းနှီးသော အတွင်းဆောင်တပည့်များဖြစ်သည်။သာမန်တပည့်များက သူ့အပေါ် မပြတ်မသား ဆက်ဆံကြချိန်တွင် အ
တွင်းဆောင်တပည့်များကသာ သူနှင့် တန်း
တူဆက်ဆံနိုင်ပြီး သိလိုသည့် အဖြေကို ပေးစွ
မ်းနိုင်လိမ့်မည်။

သူတို့ထဲတွင် လော့ချင်းချွမ်က ဝမ်ရွှမ့်ကို သ
ဘောမကျဆုံးဖြစ်သည်။ရှီပုဟွေ့ကမူ အမြဲတ
မ်းနီးပါး သစ်သားရုပ်တုကြီးလို ထုံထုံထိုင်းထို
င်းဖြစ်နေတတ်သည်။ဂိုဏ်းချုပ်ထံမှ အချစ်ခံရသော ဂိုဏ်းတူညီမလေး ကျန်းရှောင်ချင်း
ကသာ ယခုအချိန်တွင် အကောင်းဆုံး ရွေးချ
ယ်မှုဖြစ်သည်။

သို့နှင့် ဝမ်ရွှမ်သည် ကျန်းရှောင်ချင်း နေထိုင်ရာအရပ်သို့ ချက်ချင်း ပြေးသွားခဲ့သည်။

ကံကောင်းခြင်း(သို့)ကံဆိုးခြင်းတော့မသိ။ထိုလမ်းတွင် အခြားသော ဂိုဏ်းတူညီမလေးများနှင့်အတူ စကားပြောရင်း လမ်းလျှောက်လာသည့် ကျန်းရှောင်ချင်းကို တွေ့လိုက်ရလေသည်။

ဝမ်ရွှမ်နှင့် ကျန်းရှောင်ချင်းတို့တွင် အမြဲတမ်း
ကောင်းမွန်သော ဆက်ဆံရေးမျိုးရှိ၏။ထို့
နောက် ချက်ချင်း ပြုံးပြလျက် နှုတ်ဆက်ရန်
ခြေလှမ်းခဲ့သည်။

ထိုအချိန်တွင် အခြားသော ဂိုဏ်းတူညီမလေး တစ်ဦးက ခေါင်းမော့လိုက်ရာ ဝမ်ရွှမ့်ကို မြင်
သည်နှင့် မျက်နှာအရောင်မှာ ချက်ချင်း ပြော
င်းလဲသွားပြီး ကျန်းရှောင်ချင်းကို ခပ်မြန်မြန် လက်တို့၏။သို့နှင့် ကျန်းရှောင်ချင်းလည်း ခေါင်းမော့ကြည့်ပြီး ဝမ်ရွှမ့်ကို တွေ့ရလိုက်ခြ
င်းကြောင့် မျက်နှာအရောင်မှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

ဝမ်ရွှမ့် နှလုံးသား တစ်ခုလုံး မွန်းကြပ်သွားရပြီး အခြေအနေ မကောင်းတော့မှန်း သဘော
ပေါက်သွားခဲ့သည်။

ကျန်းရှောင်ချင်း၏ မျက်နှာထက်မှ ထိတ်လန့်မှုသည် တဖြည်းဖြည်း မှိန်ဖျော့လာပြီး ရှုပ်
ထွေးမှုဘက်သို့ ပြောင်းလဲသွားသည်။သူမသ
ည် ဝမ်ရွှမ့်ကို ထိုအမူအရာမျိုးဖြင့် လှမ်းကြ
ည့်ပြီးနောက် ဝမ်ရွှမ် ရှေ့တိုးလာခါနီးတွင် ရု
တ်ချည်း နောက်ပြန်ဆုတ်သွားပြီး အခြားသော ဂိုဏ်းတူညီမလေးများနှင့်အတူ ခဲမှန်မ
ည်ကို စိုးထိတ်နေသော ငှက်ကလေးပမာ ထွ
က်ပြေးသွားခဲ့သည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now