Chapter 1.1: I Have a Boyfriend

15.4K 485 4
                                    




Jiang City ရဲ့ ဆောင်းနှောင်းကာလ - ညနေ ငါးနာရီခွဲ ဆောင်းကာလဆိုတော့ အချိန်ကုန်တာ မြန်မြန်ဆန်ဆန် ကျန်းရှုယီ တစ်ယောက်လည်း အလုပ်စားပွဲပေါ်မှာ အချိန်ကြာ အနားယူနေရာကနေ ချွေးစီးအေးတွေလည်း ကျလာတဲ့အခိုက် ဘေးပတ်ဝန်းကျင်တစ်ခုလုံး လက်နှိပ်စက်ရိုက်သံတွေ ဆူညံနေရာမှ ဖုန်းသံတစ်ခု ၀င်လာသောအခါ လက်ရှိအခြေအနေကို ပြန်လည်ရောက်ရှိလာပါတော့သည်။

"Hello, 'Finance Weekly' က သတင်းထောက် ကျန်းရှုယီ ပါလား?"

ကျန်းရှုယီခေါင်းကို စားပွဲပေါ်က မထဘဲ , "ဟုတ်ပါတယ်.. ဘယ်သူပါလဲ?"

" ချန်ရှန်ပါ Mingyu Bank CEO office က လက်ထောက်ပါ။ ပြီးခဲ့တဲ့ လက Mr. Shi Yan နဲ့ အင်တာဗျုးချိနးထားတဲ့ အချိန်စာရင်းက မနက်ဖန်ပါ။ မှတ်မိလား မသိဘူး?"

ကျန်းရှုယီ ချက်ချင်းထလိုက်ရပီ။ သူမ မှတ်မိနေတာ အသေအချာပေါ့။ ပြီးခဲ့တဲ့ ရက်တွေအထိ ရှီယန် ဆိုတဲ့ နာမည်က နားထဲမှာ အကြိမ်ပေါင်းများစွာ ကြားနေခဲ့ရတာပါ။

ရှစ်ယန် ဆိုတာ .....

Mingyu Corporation ရဲ့ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် ရှီဝှမ်အန်ရဲ့ အမွေဆက်ခံသူ သားတစ်ယောက်ဖြစ်ပြိး တရုတ်ပြည်ရဲ့ ဘဏ္ဍာရေးလောကထဲ လတ်တလောဝင်ရောက်လာတဲ့ လူသစ်တယောက် အဖြစ် နာမည်ကြီးပါတယ်။

Europe မှာ ပညာသင်ပြီး ပြန်လာတဲ့အခါ Mingyu Corporation အောက်မှာရှိတဲ့ Mingyu Bank ကို လက်လွှဲယူပြီး ခေါင်းဆောင်နေတဲ့သူ ဖြစ်ပါတယ်။ များပြားလှတဲ့ ခေါင်းဆောင်သူတွေ ကြားမှာ အသက်ငယ်ငယ်နဲ့ ကျောင်းပြိးခါစ ပြန်လာတဲ့ သားကို ရာထူးအကြီးပေးပြီး တစ်ခါတည်း အုပ်ချုူပ်ခိုင်းတဲ့ ရှီဝှမ်အန်ကို အများစုက အနရာယ်ကြားမှာ ကစားနေတဲ့သူအဖြစ် ဝေဖန်ကြပါတယ်။

ရှစ်ယန်ကတော့ Mingyu Bank ရဲ့ CEO ရာထူးလက်ခံပြီးတာနဲ့ ဘဏ်ရဲ့ပြသာနာတွေကို အတိုးများများပေးပြီး ငွေအပ်နှံစေတာ၊ risk များတဲ့ ငွေချေးမှုတွေ ပြုလုပ်တာ စသဖြင့် အပြောင်းအလဲတွေကို မြန်မြန်ဆန်ဆန်နဲ့ လုပ်ဆောင်ခဲ့သလို company ရဲ့ ပြောင်းလဲရခက်တဲ့ အချက်တွေကို လူငယ်ပီပီ သွက်သွက်လက်လက်ပြောင်းလဲခဲ့တာကြောင့် အမြတ်ရတဲ့ လုပ်ငန်းအဖြစ် အချိန်တိုအတွင်း ပြန်လည်ပြောင်းလဲနိုင်ခဲ့ပါတယ်။

Only for Love (Translation)Where stories live. Discover now