Chapter 33: It's Bright Daytime...This Is an Office..

3.9K 300 23
                                    

(Unicode)

Chapter 33: It's Bright Daytime...This Is an Office...This Might Not Be a Good Idea?

ရှီယန့်ဆီက စကားကြားလိုက်ပြီးနောက် ကျန့်ရှူးယိ သည် တခဏမျှ ဗြောင်းဆန်သွားသလို ခံစားလိုက်ရသည်။

ရှီယန့်သည်  သူမနှင့် လက်မအနည်းငယ် အကွာအဝေးမှာ ထိုင်နေတာကြောင့် သူ၏ အသက်ရှုသံများက သူမကို ဖုံးလွှမ်းထားသည်။ ကျယ်ဝန်းလှသည့် ရုံးခန်းကို ဖော်မပြ
နိုင်သည့် အရာတစ်ခုဖြင့်  ပြည့်နှက်သွားသည်။

တဖြည်းဖြည်းနှင့် ကျန့်ရှူးယိ ၏စိတ်က ညစ်တီး
ညစ်ပတ်မြင်ကွင်းအချို့ကို စတင်မြင်ယောင်လာသည်။

မြင်းရှစ်ကောင်တောင် သူမကို တားလို့ မရနိုင်
လောက်ဘူး။
အတွေးများက မျက်နှာပေါ်တွင် ပေါ်လာသည့်အတွက် ကျန့်ရှူးယိ ၏မျက်နှာမှာ ပူလောင် နီမြန်းသွားသည်။

သူမ၏အရေပြားတွေဆီက  ပူလောင်သောခံစားမှုကိုပါ ခံစားနိုင်ပြီး အသက်ရှုနေသည်မှာပင် အပူလှိုင်းအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။

သို့သော်  သူမထိတ်လန့်မနေသင့်ကြောင်းကို မသိစိတ်က သိနေသည်။

ရှီယန့်ကို အကြာကြီး စိုက်ကြည့်ပြီး နောက်ဆုံးတွင် ကျန့်ရှူးယိ မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ကာ စကားလုံးနှစ်လုံး  ဖြည်းညှင်းစွာ ထွက်လာသည်။

"ဝိုး...အိုး..."

ရှီယန့်: "..."

"ကျွန်မလည်း ... အဲဒါကို စောင့်နေတာ။"

ရှီယန့်: "..."

သူမမျက်နှာသည် ဖူဂျီပန်းသီးကဲ့သို့ နီရဲနေမှန်း သိသော်လည်း သူမကိုယ်သူမ ဆက်လက်သရုပ်ဆောင်ရန် တွန်းအားပေးနေဆဲဖြစ်သည်။

သူမကိုယ်တိုင်တောင်  ဘာကြောင့်မှန်း သေချာမသိခဲ့။

ရှီယန်  ရုတ်တရက် ရယ်စရာကောင်းတာကို  တွေ့လိုက်ရတယ်။ လက်ချောင်းကိုရွှေ့ပြီး ကျန့်ရှူးယိ ၏ မေးစေ့ကို ညှစ်လိုက်သည်။

"မင်းဟာလေ ...ဘယ်တော့မှ မရှက်ဘူးလား"

ကျန့်ရှူးယိ: "..."

ရှီယန့်က လက်လွှတ်လိုက်ပြီး ဖြည်းညှင်းစွာထထိုင်ကာ မျက်မှန်ပြန်တပ်လိုက်သည်။

Only for Love (Translation)Where stories live. Discover now