Chapter 56: Be Good, Endure a Little Longer.

4.7K 308 37
                                    

(Unicode)

လက်မှတ်နှင့် ဓာတ်ပုံကို ရရှိလိုက်သောအခါ ကျန့်ရှူးယိ အလွန်စိတ်လှုပ်ရှားသွားပြီး ရှီယန့် ကားထဲတွင် စောင့်နေဆဲဖြစ်ကြောင်းကို သူမ မေ့လုနီးပါးဖြစ်သွားသည်။
သူမနှင့် ပိရော့ရှန်း တို့... Song Lelan နှင့် သူမ၏
ဝန်ထမ်းများ ဗင်ကားပေါ်မတက်မချင်း
လူစုလူဝေးထဲတွင်ရှိနေခဲ့သည်။
"အရမ်းလှတယ်၊ TV ထဲမှာထက်တောင် ပိုလှတယ်"
ပိရော့ရှန်း က Song Lelan ကိုသယ်ဆောင်ကာ အဝေးကို မောင်းသွားတဲ့ ဗန်ကားကို ကြည့်ပြီး ကျော်ကြားသူတွေရဲ့ဖန်ပီသစွာ နှစ်မြုပ်နေတုန်း..
" အသက် 50 လောက်ရှိပြီထင်တယ်? မေမေနဲ့တူပေမယ့် ဘာလို့ဒီလောက်ငယ်နေရတာလဲ။ ဆယ်လီဖြစ်ရတာ ကောင်းလိုက်တာ ၊ ကိုယ်ခန္ဓာကို ထိန်းသိမ်းနိုင်တဲ့ ပိုက်ဆံတွေအကုန်ရှိပြီး ကိုယ့်ကိုယ်ကိုယ် ဆယ်နှစ် ပိုငယ်အောင် ထားလို့ရတယ်။"
ကျန့်ရှူးယိ က "သူ့မျက်နှာတင် နုပျိုနေရုံမကဘူး" လို့ လက်မှတ်ကို ရင်ဘတ်ပေါ်တင်ကာ ကားနောက်မီးတွေကို လိုက်ကြည့်ရင်း
"မနှစ်က သူ့ရဲ့ ဖျော်ဖြေပွဲကို ကြည့်ခဲ့ပြီး နှစ်နာရီကျော်ကြာ မရပ်မနားဆိုနိုင်ခဲ့တာ။
ဘယ်လောက်ကို မယုံနိုင်စရာစိတ်ရောကိုယ်ပါ
ကြံ့ခိုင်မှုလဲ? ငါဆို အသက်နှစ်ဆယ်ကျော်သာဆိုပေမယ့်
သူနဲ့ယှဉ်ရင် ရှက်စရာကြီး။ ဒီနေ့ခေတ် Divas(ထိပ်တန်းဆယ်လီအဆိုတော်ကြီး) က တကယ်ကို
အထင်ကြီးစရာပါပဲ။"

"ဒါပေမဲ့ ဘာလို့ အိမ်ထောင်မကျသေးတာလို့ ထင်လဲ" ပိရော့ရှန်း က
"ငါ... ငယ်ငယ်လေးကတည်းက သူ့ကို သိခဲ့တာ
နှစ်ပေါင်းများစွာ ကြာနေပြီ။ သူနဲ့ခေတ်ပြိုင်
အနုပညာရှင်တွေက သူတို့ရဲ့ အနုပညာအလုပ်တွေကို ရပ်သွားတာတောင်မှ သူက ဆက်လုပ်နေတုန်းနော်။ နှစ်တိုင်း ဖျော်ဖြေပွဲတွေ... အိုး...နေဉီး?
ငါတို့ ကောလိပ်တက်တုန်းက သူက တိတ်တိတ်လေး လက်ထပ်ထားပြီး သားနှစ်ယောက်တောင်
ရှိတယ်ဆိုတဲ့ ကောလဟာလတွေကို မဂ္ဂဇင်းမှာ
ဖတ်ဖူးတယ်လေ။"

"အင်း နင်ဖတ်ခဲ့တာ မဂ္ဂဇင်းအမည်ခံထားတာမျိုး၊ ထုတ်ဝေတဲ့ ဗားရှင်းနံပါတ်တောင် ရှိလို့လား"
ကောလာဟလတွေအပေါ် ကျန့်ရှူးယိ ရဲ့ သဘောထားဟာ အမြဲတမ်း သရော်လှောင်ပြောင်ခြင်းသာဖြစ်ပြီး

Only for Love (Translation)Where stories live. Discover now