Chapter 62: Spring Rain

5.2K 314 101
                                    

(Unicode)

ပိရော့ရှန်း ဆီက အဖြေရပြီးနောက် ရှီယန့်ဆီက  ရုတ်တရက် နောက်ထပ်message တစ်ခုရောက်လာသည်။

ရှီယန့်  : မီးဖိုချောင်မှာ မနက်စာ ရှိတယ်။
နွေးစားလို့ရတယ်။

ကျန့်ရှူးယိ သူနှင့် chatbox ကိုကြည့်ကာ မရယ်ဘဲ
မနေနိုင်တော့ပေ။

ခဏကြာတော့ သူမထပြီး မီးဖိုခန်းထဲ
လျှောက်သွားသည်။

မနက်စာစားပြီးနောက် ကျန့်ရှူးယိ အခန်းထဲပြန်ဝင်သွားတော့  လွန်ခဲ့သည့် မိနစ်အနည်းငယ်က ပိရော့ရှန်း ပို့ထားသော  message ကို တွေ့လိုက်ရသည်။

ပိရော့ရှန်း - option B က ယုတ္တိမရှိဘူးလို့ ထင်ရပေမယ့်လည်း ရှီယန့်လို  အသက်နှစ်ဆယ်ကျော် အမျိုးသားက ရည်းစားနဲ့ တစ်အိပ်ယာတည်း  အတူအိပ်ပေမယ့် သူတော်စင်လို ပြုမူနေတာက  ပိုလို့တောင် ယုတ္တိမရှိနော်။

ပိရော့ရှန်း: ဟားဟားဟားဟား

"ဟားဟား" ဇာတ်လမ်းတွဲကို ကြည့်လိုက်ရင်း  ကျန့်ရှူးယိ က အေးစက်စက်မျက်နှာနှင့် စာရိုက်လိုက်သည်...

- ရယ်စရာလား။

ပိရော့ရှန်း - မဟုတ်ဘူး၊ ငါကနင့်ကိုဂရုစိုက်တာပါ
ဟားဟား။

နွေဦးသည် ကမ္ဘာမြေသို့ ပြန်ရောက်သောအခါ မိုးမခဖူးပွင့်သစ်များက  ဦးစွာ သိရှိကြသည်။

ကျန့်ရှူးယိ ... ပြတင်းပေါက်ကိုဖွင့်ကာ လသာဆောင်
တွင်ထိုင်၊ နေရောင်ခြည်အောက်တွင်နေရင်း   နွေဦးရဲ့
နွေးထွေးမှုကို ခံစားဖို့ မျက်လုံးကိုမှိတ်ထားလိုက်တယ်။

ပိရော့ရှန်း က သူမကို နောက်ပြောင်ခဲ့တာပါပဲ။

ဒါပေမဲ့ တွေးကြည့်ပြီးနောက် သူမရုတ်တရက်
ခံစားလိုက်ရတာက/ 
ဘယ်လို ! သူမ! ပြောတာ! မှန်တယ်! အရမ်း! မှန်တယ်!

ပိရော့ရှန်း ကြောင့် ကျန့်ရှူးယိ... တစ်မနက်လုံး
စိတ်ပျံ့လွင်သွားသည်။

နေ့လည်စာစားပြီးနောက် သူမသည် တီဗီကြည့်နေသော်လည်း ရှီယန့်က အဲ့ဒီလောက် အဖြစ်ရှိတာလား/မရှိတာလား မေးခွန်းထုတ်နေဆဲဖြစ်သည်။

Only for Love (Translation)Where stories live. Discover now