Chapter 7: Stingy Shi Yan

4K 332 16
                                    

(Zawgyi)

ကျန်းရှူယီ ထွက်လာတာနဲ့ ရှူယုလင်ကလည်း အနောက်ကလည်း ကပ်လိုက်လာသည်။ နှစ်ယောက်က ယှဉ်လျှောက်လာသလိုဖြစ်နေပေမယ့် သူစိမ်းတွေလို တစ်ယောက်က အပျော်တွေ အပြည့်နဲ့ တစ်ယောက်က ဆန့်ကျင်ဘက်။ ကျန်းရှူယီ ကသူမဖုန်းကို ကြည့်လိုက်ပြီး တန်ရိရုံးခန်းဆီသို့လျှောက်သွားသည်။

သူမစိတ်ဖီစီးနေတာတွေ အကုန်လုံး နောက်ဆုံးတော့ ဖြေရှင်းနိုင်ပါပြီ။ တန်ရိအတွက်ကော့ ဒီလို ပြသာနာကိုဖြေရှင်းဖို့ အများကြီး အားစိုက်စရာမလိုပေ။

"ဒါက ရှူယုလင်ရဲ့ အမှားပဲ။ နောက်တစ်ခါထပ်မဖြစ်စေဖို့ သတိပေးထားလိုက်ပြီ။ နှစ်ကုန်လို့ performance တိုင်းမယ့်အခါမှာလည်း ထည့်ပြီးစဉ်းစားသွားမယ်လို့ ပြောလိုက်တယ်။ နောက် ဒါမျိုး မဖြစ်အောင် ကာကွယ်ပေးပြီးသားဖြစ်မှာပါ။ "

ကျန်းရှူယီ ကတော့ မပြောင်းလဲဘဲ မျက်နှာသေနဲ့ တန်ရိကဆက်ပြီး "တို့က group တည်းမှာပဲ အလုပ်လုပ်နေကြတာလေ။ နင်တို့နှစ်ယောက်လည်း နေ့တိုင်းတွေ့နေကြမှာပဲ၊ ဒီအတွက်နဲ့တော့ အလုပ်မဖြုတ်သင့်ဘူး မဟုတ်လား?"

တန်ရိလက်အောက်မှာ ဒီနှစ်တွေ အလုပ်လုပ်ခဲ့ရတာကြောင့် ကျန်းရှူယီ အနေနဲ့ သူမ ဖြေရှင်းမယ့်ပုံကိုလည်း သိပြီးသားပါပဲ။

ရုံးခန်းထဲမှာ တိတ်ဆိတ်လျက်။ ကျန်းရှူယီကတော့ စိတ်ပျက်တဲ့အသွင်ကို ဖုံးကွယ်ထားဟန် လက်သည်းတွေကို ငုံ့ကြည့်လျက်...

တန်ရိက သူမဖုန်းထဲမှာ စာကိုဖတ်ပြီး  "ဒါကို ဒီမှာပဲ အဆုံးသတ်လိုက်ကြရအောင် ? သူ့စာမူကိုလည်း မသုံးဘူး။ မင်းစာမူကိုပဲ ဒီနှစ်နောက်ဆုံး headline အဖြစ်သုံးမယ်"

Only for Love (Translation)Where stories live. Discover now