Chapter 34: Her Heart Was About to Jump Out

4.1K 295 25
                                    

Wattpad က offline maintenance လုပ်မယ်ပြောထားလို့ Tuesday, January 10 between 10:00 AM and 12:00 PM UTC (5:00 - 7:00 AM EST),
4:30 PM - 6:30 pm (Myanmar time)
ဝင်မရလောက်ဘူးနော်!!!

(Unicode)

Chapter 34: Her Heart Was About to Jump Out of Her Throat.

ကြာသပတေးနေ့လည်ခင်း။

ပိရော့ရှန်း - နင်.. သွားဖို့ဆုံးဖြတ်ပြီးပြီလား။

ကျန်းရှူးယိ: ဒါပေါ့။  Kelunche Forum ပဲလေ။ အခွင့်အရေးကောင်းတစ်ခုကို  လက်လွတ်မခံသင့်ဘူးမဟုတ်လား။

ပိရော့ရှန်း: ငါသာ နင့်နေရာမှာဆိုလည်း လိုက်မှာပဲ။

ပိရော့ရှန်း - ဒါပေမဲ့  Forum တက်မှာလား ?
သွားချိန်းတွေ့ မှာလား။

ကျန်းရှူးယိ - [Grin][Grin]
(သွားဖြဲပြတဲ့ emoji လို့သုံးရမလား XD )

အမှန်တော့ ရှီယန့်ခေါ်တဲ့နေ့ကတည်းက  Forum ကိုလိုက်ဖို့ ဆုံးဖြတ်ထားပြီးသားဖြစ်သည်။ ပိရော့ရှန်း ကိုပြောဖို့ဒီနေ့မှပဲအခွင့်အရေးရခဲ့တာ။

အတူတူသွားလာ  စားသောက်နေထိုင်ခြင်းအတွက် 
ရှီယန့်က သူမကို စနောက်ရုံမှလွဲ၍ ဘာမှမဟုတ်ကြောင်း သိပြီးသားဖြစ်သည်။

သူဘာလုပ်မယ်ဆိုတာကိုလည်း  သိပ်ဂရုမစိုက်ပေမယ့် အရေးကြီးတာက သူမတို့နှစ်ယောက် Kelunche Forum ကို အတူတူသွားဖို့ပါပဲ။

ပိရော့ရှန်း နှင့် စကားပြောပြီးနောက် သူမ၏ အလုပ်စားပွဲကို ရှင်းလင်းပြီး အယ်ဒီတာချုပ်ထန်ရိ၏ ရုံးခန်းသို့
အသိပေးရန် သွားခဲ့သည်။

" Kelunche Forum?" ထန်ရိ အံ့သြပြီး လက်ထဲက
ဘောပင်ပြုတ်ကျမလိုဖြစ်ပြီး "နင်..သွားတော့မှာလား။
ဘယ်လိုမျိုးလဲ? ဒီနှစ်တော့ငါတို့ တက်ခွင့်မရဘူးလေ"

ကျန်းရှူးယိ နှာခေါင်းကို  တစ်ချက်ပွတ်ပြီး
"ရှီယန့်က အဲဒီကို ခေါ်သွားမှာ။"

"ရှီယန့်?" ဒီတစ်ခါတော့ ဘောပင်က စားပွဲပေါ်ကနေ
အောက်ကိုပြုတ်ကျပြီး
"သူက မင်းကို အဲဒီကို ခေါ်သွားမယ်???"

ကျန်းရှူးယိ က ခေါင်းညိတ်ပြီး
"ဟုတ်တယ်။ ကျဲ ကြားတာ အမှန်ပဲ"

ထန်ရိက ကျန်းရှူးယိ ကို ခေါင်းမှ ခြေဖျား ၊  ခြေဖျားမှ
ခေါင်း အပြန်ပြန်အလှန်လှန်ကြည့်နေခြင်းက သူမကို စိတ်မသက်မသာ ဖြစ်စေသည်။

Only for Love (Translation)Where stories live. Discover now