Chapter 36: Take You to the Movies

3.8K 290 33
                                    



(Unicode)

အခန်းတွင်းရှိ တစ်ခုတည်းသော အသံက  နှစ်ဉီးသားရဲ့ အသက်ရှုသံ။

ကျန်းရှူးယိ ...  ခြုံစောင်လေးကို တင်းတင်းကျပ်ကျပ် ပတ်ထားပြီး မျက်လုံးများ မှိတ်ထားသော်လည်း သူမ
ငြိမ်ငြိမ်သက်သက်လေး မနေနိုင်ပေ။

ခဏအကြာ  သူမမျက်လုံးများကို အနည်းငယ်ဖွင့်
လိုက်ပြီးကြည့်လိုက်တော့  မှုန်ဝါးဝါးပတ်ဝန်းကျင်တွင်
ရှီယန့်က ဆိုဖာပေါ်တွင်ထိုင်ပြီး သူ့ဖုန်းကိုကြည့်နေဆဲ
ဖြစ်သည်။

သူ့ကိုကြည့်ရတာ ဒီမှာစောင့်နေပေးဖို့  တကယ်
စီစဉ်ထားပုံရတယ်။

သူက အဲ့ဒီနေရာတွင် ဘာမှမလုပ်ဘဲ စကားမပြောဘဲ 
ထိုင်နေရုံလေးကတင်  သူမအတွက် ရှင်းပြစရာမလိုတဲ့  လုံခြုံမှုကို ပေးစွမ်းနိုင်သည်။

အနည်းဆုံးတော့ နာကျင်လို့ အော်လိုက်တဲ့အခါ
တစ်ယောက်ယောက်တော့ ဘေးနားမှာရှိစေချင်ခဲ့တာ
အမှန်ပါ။

ထိုကဲ့သို့ မျှော်လင့်ချက်ကင်းမဲ့တဲ့ ခံစားမှုမျိုးကြောင့် သူမအိပ်နေချိန်မှာတောင်မှ  ဖုန်းပိတ်ထားဖို့ စိတ်ကူးမရှိခဲ့ဘူး။

ဒါပေမဲ့ သူ့ကို ခဏလောက် တိတ်တဆိတ်ကြည့်ပြီးနောက် ကျန်းရှူးယိ  ဖုန်းကို silent mode ပြောင်းလိုက်တယ်။
ထို့နောက် တစ်ဖက်လှည့်ပြီး သူ့ကိုကျောခိုင်းကာ မျက်လုံးမမှိတ်ခင်... ရုတ်တရက် ရှီယန့်၏ အသံ
ထွက်ပေါ်လာသည်။

"မင်း... အစာအိမ်ကနာတာလား၊ ခေါင်းကိုက်တာလား၊ ဘယ်နားက နာတာလဲ"

ကျန်းရှူးယိ မျက်လုံးဖွင့်ပြီး စကားသံ မပီမပြင်နှင့် 
"နာတယ်..."

သူ့နောက်ကလူက တိတ်ဆိတ်သွားတယ်။

ခဏအကြာတွင် သူ၏ အေးစက်စက်အသံ
ထွက်ပေါ်လာပြန်သည်။

"အိုခေ။ မနက်ဖြန် အပြင်သွားတဲ့အခါ စကတ်တို ၊ အကျီအတို ဆက်ဝတ်လိုက်ဉီးလေ။ ဒါဆို ပြဿနာကို
ဖြေရှင်းနိုင်မယ်လို့ ထင်တယ်။"

ကျန်းရှူးယိ: "..."

ဒီ အကျင့်ပုတ်တဲ့သူကြီးက  လူတွေကို ဘယ်လို
နှစ်သိမ့်ရမလဲရော သိရဲ့လား ?

Only for Love (Translation)Where stories live. Discover now