Chapter 55: Kiss Me, Then I'll Go With You

5.7K 332 61
                                    

(Unicode)

Previous
"ကျွန်မ.. အရမ်းမအေးတဲ့ ချစ်သူကို ရှာသင့်တယ်"  

ဖုန်း၏အခြားတစ်ဖက်တွင်  စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားသည်။
ကျန့်ရှူးယိ..  ယခုအချိန်တွင် ရှီယန့် ၏အမူအရာကို
မမြင်နိုင်သော်လည်း ထိုယောက်ျား၏မျက်နှာသည်
ယခုအချိန်တွင် မည်းမှောင်သွားပြီဖြစ်ကြောင်း သူမခံစားနိုင်သည်။
ဒါပေမဲ့ သူမကတော့  အဲဒီ့လိုဖြစ်တာ အရမ်းကောင်းတယ်လို့တောင်ခံစားရတယ်။
ဒီလူက မနေ့ညက သူမအိမ်ကို မူးပြီးရောက်လာပြီး အခွင့်ကောင်းယူသွားတယ်။
-သူယူတုန်းက ကြိုက်တယ်ဆိုပေမယ့်လည်း ..
မဟုတ်ဘူး၊ သူမူးတာကို  ကြိုက်တာ။
ဒါပေမဲ့  နောက်တစ်နေ့ သူနိုးလာပြီးနောက် ဘာမှ
မသိဟန်ဆောင်ပြီး အေးစက်ငြိမ်သက်သွားခဲ့တယ်။
ကမ္ဘာကြီးက သူ့အတွက် လွယ်ကူလွန်းနေတယ်။
သူ့ကို သင်ခန်းစာကောင်းကောင်းမပေးနိုင်ရင် 
ကြင်နာပြီး နူးညံ့သိမ်မွေ့တဲ့ ချစ်သူကို သူ့ဘာသာ
ရှာတွေ့ခဲ့တာလို့တောင် ထင်ကောင်းထင်နေမယ်။

ပုံမှန်အလုပ်များတဲ့ မနက်ခင်းတစ်ခု... နေရာတိုင်းတွင် ကားဟွန်းသံများ မြည်နေပြီး အနီးနားတွင် မနက်စာရောင်းတဲ့ဆိုင်မှ ရေဒီယိုသံကလည်း ထွက်ပေါ်လာသည်။ လေထုက  ဆူညံပြီး အသက်ဝင်နေသည်။
နောက်ထပ်အခိုက်အတန့်တစ်ခု တိတ်ဆိတ်သွားပြီးနောက် ရှီယန့်က ရုတ်တရက်
"ဘယ်မှမသွားနဲ့။ မင်းအိမ်တံခါးဝမှာ ကိုယ့်ကိုစောင့်"

ကျန့်ရှူးယိ.. က ပြုံးပြီး "ဟင့်အင်း၊ဒိမှာ  အရမ်းပူနေပြီ၊ အခု အလုပ်သွားရတော့မယ်""......"
ဖုန်းထဲမှာ ရှီယန့်ရဲ့ အသံက ပိုလို့တောင် ပျော့သွားတယ်။
"ရှူးယိ.. ကျေးဇူးပြုပြီး ကိုယ့်ကို
အဲ့ဒီမှာစောင့်နေပေးပါလား"
ကျန့်ရှူးယိ.. အံ့သြသွားသည်။
သူ့ရဲ့ချော့မော့တဲ့အသံကိုကြားတော့ သူမက
အလွယ်တကူ နောက်ပြန်ဆုတ်ပြီး သဘောတူလိုက်တယ်။ကြည့်ရတာ အဆုံးမှာ သူမဟာ  ကြင်နာပြီး နူးညံ့နေပုံပါပဲ။သူမက လေထဲသို့ ခေါင်းညိတ်ပြလိုက်သည်။

"မြန်မြန်လာနော်။ ဒီမှာ ပူလွန်းလို့ သေတော့မယ်။
ဘာလို့ ရုတ်တရက် တအားပူနေရတာလဲပဲ?အခုမှ
မတ်လပဲရှိသေးတယ်၊ နွေရာသီဆို 
ဘယ်လောက်ပူမလဲ  တွေးကြည့်ဉီး..."

Only for Love (Translation)Where stories live. Discover now