Chapter 61: Shi Yan's Not Good Enough

4.4K 288 54
                                    

(Unicode)

Previous

" ဆရာဝန်က မင်း...ရေချိုးရင်လည်း အကူညီ
တစ်ယောက်လိုတယ်လို့ မပြောခဲ့ဘူးလား။"

----------

သူဘာလို့ ဒီလိုရေလာမြောင်းပေးတာက ? တစ်နည်းပြောရရင် သူက  ဒီအချိန်ကို စောင့်နေခဲ့တာကိုး။

ယခုအချိန်က... ကျန့်ရှူးယိ ဘဝတွင် နောင်တရဆုံးအရာဟု ခံစားလာရသည်။

ထူထဲသော ပိတ်စပါး(ပတ်တီး) ပတ်ထားသော လက်ချောင်းများ.. ခဏတာ ထုံကျင်သွားပြီး ကိုယ့်ကိုယ်ကိုယ် တွင်းတူးပြီး မြှုပ်နှံပစ်ချင်သလို ခံစားရသည်။

"ဆရာဝန်ကပြောတယ်" ကျန့်ရှူးယိ လှည့်မကြည့်သေးဘဲ "မလိုဘူးတဲ့"

"တကယ်လား?"

ရှီယန့် မတ်တပ်ရပ်လိုက်ပြီး လက်နှစ်ဖက်ကို သူ့ရင်ဘတ်ရှေ့မှာ ပိုက်ထားပြီး  သူမကို ကြည့်နေတယ်။
သူ့ရဲ့ ရွှင်မြူးသောလေသံနားထောင်ရုံနှင့်  သူ့မျက်နှာမှာ  ပြုံးပြုံးရွှင်ရွှင် ရှိနေကြောင်း သူမပြောပြနိုင်သည်–

"မင်းကို အစာကျွေးဖို့၊ မင်းကို ရေတိုက်ဖို့၊
မင်းဆံပင်တောင် မစည်းနိုင်တာ...။ ရေ
ဘယ်လို ချိုးမလဲ"

ကျန့်ရှူးယိ က ရှီယန့်  သူမကိို အလေးအနက်ထားတာလား ဒါမှမဟုတ် လှည့်စားနေသလား မသိတာကြောင့် သူမအနေနဲ့  လေးလေးနက်နက် ဆင်ခြေပေးဖို့ ကြိုးစားခဲ့တယ်။

"ရေမကိုင်ရင် အဆင်ပြေမှာပါ ။  မနက်က ရေချိုးပြီးပြီမို့ ဒီတစ်ခါတော့ ဘာပဲ ဖြစ်ဖြစ် ထားလိုက်မယ်"

"ဘာဖြစ်ဖြစ်?" ရှီယန့်က "ဒါက မင်းရဲ့ အင်္ကျီကို ချွတ်ဖို့ မလိုဘူးလို့ ဆိုလိုတာလား ဒါမှမဟုတ် ကိုယ်တိုက်ဖို့
မလိုဘူးလို့ ဆိုလိုတာလား။"

ကျန့်ရှူးယိ: "..."

"အင်္ကျီကို ချွတ်ဖို့" နှင့် "ကိုယ်တိုက်ဖို့" တို့က  သူ့ဆီကနေ  ရိုးရိုးထွက်လာတဲ့လေသံမဟုတ်ပါ။

"မလိုဘူးဆို!"

ကျန့်ရှူးယိ ၏ အရှက်တရားသည် ဒေါသအဖြစ်သို့
ပြောင်းလဲသွားသော်လည်း ရှီယန့်က မလျှော့သေး၏

Only for Love (Translation)Where stories live. Discover now