Chapter 20.2: Enigmatic!

3.6K 284 16
                                    

(Unicode)

တနင်္လာနေ့ နံနက်အစောပိုင်းတွင် ရုံးအဆောက်အအုံထဲမှာ ရှိနေတဲ့ ဝန်ထမ်းတွေက‌ ပိတ်ရက်အခြေအနေကနေ
ရုန်းမထွက်နိုင်ကြသေးပါ- ကော်ဖီခွက်လေးတွေကို လက်ထဲတွင် ကိုင်ပြီး  ပါးစပ်လေးတွေဟပြီး သမ်းဝေရင်း  ကြောင်တက်တက်ဖြင့် စားပွဲရှေ့တွင် ထိုင်နေပါသည်။

ကျန့်ရှူးယိက‌ အခြားသူများနဲ့ မတူဘဲ သူမဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် တက်ကြွသောစိတ်ဓာတ်ကို
ခံစားရနိုင်သည်။ လမ်းလျှောက်ရင်း ပြုံးပြုံးရွှင်ရွှင် မျက်နှာဖြင့်  လူတိုင်းအာရုံကို ဖမ်းစားနိုင်ခဲ့သည်။

တန်ရိက  ရုံးခန်းထဲ ဝင်လာတော့  လူတိုင်းရဲ့
အကြည့်တွေ ပျောက်ကွယ်သွားသည်။ သူမ ကျန့်ရှူးယိ ရဲ့ စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရပြီး

"ဘာတွေ အရမ်းပျော်နေတာလဲ ? မင်း ထပ်ချိန်းတွေ့သေးလား?"

ကျန့်ရှူးယိ: "..."

"မဟုတ်သေးပါဘူး" ဟု တန်ရိဆီသို့ ငုံ့ကြည့်ရင်း ပြုံးကာပြောကာ "ကျမ ဒီတစ်ပတ်မှာ ကွမ်းရှန့်ချန် နဲ့ အင်တာဗျူးရှိတယ်"

တန်ရိ ခဏမျှ တိတ်ဆိတ်သွားသည်။

ထို့နောက် သူမသည် ဖြည်းညှင်းစွာ မော့ကြည့်ကာ " ဘယ် .. ကွမ်းရှန့်ချန် လဲ?"

ကျန့်ရှူးယိ က ပခုံးတွန့်လိုက်ပြီး "အခြားကွမ်းရှန့်ချန် က ဘယ်ဖြစ်နိုင်မလဲ"

တန်ရိ "မင်းနောက်နေတာလား"

"ဘယ်လိုလုပ်  ဒီလိုမျိုး နောက်ရဲမှာလဲ အယ်ချူပ်ရယ်"

တန်ရိ က အသက်ပြင်းပြင်းရှူရင်း "မင်း သူ့ကို မင်းကိုယ်တိုင် ဆက်သွယ်ခဲ့တာလား။"

ကျန့်ရှူးယိ ခဏလောက်စဉ်းစားပြီး
"အဲ့ဒီလို ပြောနိုင်ပါတယ်"

တန်ရိ မျက်လုံးများတွင် မယုံကြည်မှုများ
ပျောက်ကွယ်သွားပြီး  စိတ်လှုပ်ရှားမှုအဖြစ်သို့
ပြောင်းလဲသွားသည်။

ကွမ်းရှန့်ချန် က အများသူငှာ အင်တာဗျူးကို
လက်မခံသည်မှာ နှစ်အတော်ကြာနေပြီဖြစ်သည်။

သူအနားယူသွားပြီဟု ထင်ရသော်လည်း သူ၏ ကြီးမားသော စွမ်းအားသည် စျေးကွက်ကို အပြည့်အ၀
ထိန်းချုပ်ထားပြီး မမြင်နိုင်သော လက်ကဲ့သို့
နောက်ကွယ်တွင် ရှိနေသေးသည်။  သူအနားယူပြီး
ကတည်းက သူနဲ့အင်တာဗျူးတိုင်းဟာတစ်နှစ်တာအတွင်း မဂ္ဂဇင်းအားလုံးရဲ့ အာရုံစိုက်မှုကို အခံရဆုံးပင်ဖြစ်သည်။

Only for Love (Translation)Where stories live. Discover now