Chapter 30: This is Your Son-In-Law

4.1K 273 22
                                    

(Unicode)

အ၀တ်လဲခန်း ကျဉ်းကျဉ်းလေးထဲမှာ  လေထုက
ငြိမ်သက်သွားတာကြောင့်  ကျန့်ရှူးယိ ဘာစကားမှ
မပြောနိုင်ပေ။

သူမ ဘာပြောရမှန်း မသိလို့လည်း ဖြစ်နေတယ်။
အဲ့ဒီ့အချိန်မှာမှ ကွမ်းကျိ  ရောက်လာသည်။

ထိုနေရာတွင် အ၀တ်လဲခန်း စုစုပေါင်း ခုနစ်ခန်း သို့မဟုတ် ရှစ်ခန်း ရှိပြီးတော့  တံခါးအပေါက်က အလုံပိတ်ထား
တာမျိုးမဟုတ်။အဝင်ဝမှာ  ၅ ပေခွဲသာသာ လိုက်ကာလေးတစ်ခုသာတပ်ထားသည်။

ကွမ်းကျိ အပြင်မှာရပ်နေပြီး တစ်ချက်ကြည့်လိုက်ရုံနှင့်  ရှီယန့်ရဲ့ခေါင်းကို မြင်လိုက်ရသည်။ သို့ပေမယ့်  ကျန့်ရှူးယိ အရပ်က လိုက်ကာနှင့် ဖုံးထားလို့ရသည့်  အရပ်
ဖြစ်နေတော့ သူမကို မမြင်နိုင်။

"ပြီးပြီလား?"

ကွမ်းကျိက လိုက်ကာတစ်ခုသာ  ခြားပြီး အပြင်ဘက်တွင် ရပ်နေသည်။

ကျန့်ရှူးယိ အသက်တောင် မရှူဝံ့။

သူမဦးနှောက်က အခုဖြစ်နေတဲ့ အခြေအနေတွေကို
ခွဲခြမ်းစိတ်ဖြာဖို့ အချိန်မရှိဘူး။  အပြင်ကလူက သူမကို ရှာမတွေ့ဖို့ဘဲ မသိစိတ်က အလိုအလျောက် သိနေသည်။

အခုပုံစံက နှစ်ယောက်သားက လျှို့ဝှက်ပြီး
တိတ်တိတ်လေး ချိန်းတွေ့နေကြသလိုပဲ။

"မပြီးသေးဘူး" ရှီယန့်က ခေါင်းကိုလှည့်ပြီး ကွမ်းကျိကို စိုက်ကြည့်ကာ "ဘာတွေ အမြန်လိုနေတာလဲ"

ကျန့်ရှူးယိက သူ့ရင်ခွင်ထဲရောက်နေတာကြောင့် 
သူစကားပြောတဲ့အခါ  သူ့ရင်ဘတ်ပေါ်တွင် အနည်းငယ် လှုပ်ရှားနေတာကိုပင် ခံစားနိုင်သည်။

ကျန့်ရှူးယိ အခုမှ ရင်တုန်ပန်းတုန်ဖြစ်ရတဲ့ ခံစားချက်ကို ခံစားလာရသည်။

ကွမ်းကျိက တစ်ခုခုကို ပြောချင်နေသေးပေမယ့် လမ်းလျှောက်ထွက်သွားသည်။

အခြားတစ်ဖက်တွင် ပိရော့ရှန်းက သူမ၏
အကာအကွယ်ဝတ်စုံများဖြင့် ထွက်လာခဲ့သည်။

သူမ ခြေဖျားထောက်ရင်း ပတ်ပတ်လည်ကို
လိုက်ကြည့်ပြီးနောက်

Only for Love (Translation)Where stories live. Discover now