Chapter 65: Being Too Gentle was a Kind of Seduction.

4.7K 271 31
                                    


(Unicode)
အသံချဲ့စက်က အဆက်မပြတ်အော်သံက ရှီယန့်နှင့်
တိုက်ရိုက်သက်ဆိုင်နေပေမယ့် ကျန့်ရှူးယိ ဘာတွေ
ဖြစ်နေကြောင်းကိုပင် သူ.. သေချာမသိသေးပေ။
ကျန့်ရှူးယိ ၏စကားများက သူ့အတွက် အဖြေထုတ်ရန် မဖြစ်နိုင်ပေ။ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရှီယန့်က ကျန့်ရှူးယိလက်ကိုဆွဲကာ ခေါင်းစဉ်ပြောင်းရန်
ဆုံးဖြတ်လိုက်သည်။

"နောက်ကျနေပြီ အိမ်ပြန်ကြရအောင်"

"ရှင်ပြောတာမှန်တယ်။ နောက်ကျနေပြီ"

မမျှော်လင့်ဘဲ ကျန့်ရှူးယိ က "အိမ်ပြန်ကြရအောင်"
ဆိုတဲ့ သူ့စကားကို သဘောတူလိုက်တယ်။
ပုံမှန်မဟုတ်တဲ့ အချိန်မှာ တစ်ခုခုတော့ မှားနေလိမ့်မယ်။ ရှီယန့်.. မတ်မတ်ရပ်လိုက်ပြီး သူမကို သေချာ
လိုက်ကြည့်လိုက်တယ်။
သူမ ပြဿနာထပ်မရှာလောက်ဘူးဆိုတာ သူသေချာသိမှ ကားမောင်းသူကို ခေါ်လိုက်တယ်။

သို့သော် သူမကားပေါ်ရောက်သည်နှင့် ကျန့်ရှူးယိ က
" Imperial Palace ဆီသွားမယ်" လို့ပြောလိုက်တယ်။ Imperial Palace က သူမတိုက်ခန်းနေရာ။
ယာဉ်မောင်းသူက သိပ်စဉ်းစားမနေဘဲ
ကားစထွက်လိုက်တယ်။ရှီယန့်က ကျန့်ရှူးယိ ကို
တစ်ချက်ကြည့်လိုက်ပြီး သူ့ necktie ကြိုးကို ဖြည်ကာ

"ကိုယ်တို့ အိမ်ကို မပြန်ဘူးလား" လို့ မေးတယ်။

ကျန့်ရှူးယိက သူ့မျက်နှာကို အဝေးမှ လှမ်းကြည့်ပြီး

"ပြန်နေတာလေ၊ ကျွန်မ..ရှင်ပြောတဲ့အတိုင်း
လုပ်နေတာ""ကျွန်မ အိမ်ပြန်မယ်"

ရှီယန့် က သူမကို ခဏလောက်ကြည့်ပြီးနောက်
အကြည့်တွေကို ပြန်ရုတ်လိုက်ပြီး ယာဉ်မောင်းကို
သိပ်မထူးခြားတဲ့ လေသံနဲ့ အေးအေးဆေးဆေး
ပြောလိုက်တယ်။

" Bay of Clouds ကိုသွားမယ်။"

ယာဉ်မောင်းက နာခံပြီး ကားဘီးကို ဆန့်ကျင်ဘက်
လမ်းကို ချိုးလိုက်တယ်။ ဒါကိုမြင်တော့ ကျန့်ရှူးယိ က ချက်ချင်းပဲ အသံမြင့်ပြီး

"ကျွန်မက ကျွန်မရဲ့ Imperial Palace
ပဲပြန်မှာ!"

ယာဉ်မောင်းက စတီယာတိုင်ကိုင်ထားရာကနေ
လက် ပြုတ်ကျသွားပြီး နောက်ကြည့်မှန်ကနေ
ရှီယန့်ကို လှမ်းကြည့်လိုက်သည်။ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ရှီယန့်က အေးအေးဆေးဆေး ခေါင်းညိတ်ပြပြီး

Only for Love (Translation)Where stories live. Discover now