Chapter 28: Dream Come True

3.9K 281 12
                                    

(Unicode)

တစ်ဖက်က reply ကို စောင့်ဆိုင်းနေစဉ် ကျန့်ရှူးယိ
ဖုန်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး screen ကို အချိန်တိုင်းလိုလို  ကြည့်နေမိသည်။

အချိန်အတော်ကြာပြီးနောက် ရှီယန့်ဆီက  reply ပြန်လာသည်။

-ရှီယန့်: ဘာကို မှားသွားတာလဲ?

ကျန့်ရှူးယိ အသက်ဝဝ ရှူပြီး စိတ်တည်ငြိမ်အောင်
ကြိုးစားသည်။

-ကျန့်ရှူးယိ: စိတ်မဆိုးဘူး။

-ရှီယန့် : မင်းဘာကိုဆိုလိုတာလဲ။ မင်းဘာပြောဖို့
ကြိုးစားနေတာလဲ။

-ရှီယန့် ကိုယ့်ကိုယ်ကိုယ် စိတ်ရှင်းအောင်ထားကြည့်ဉီး။

အဲ့ဒီမှာ  ပိရော့ရှန်းကမုန့်ဗူး ဖောက်ပြီး  သူမလက်ထဲ လက်တစ်ဆုပ်စာ ထည့်ပေးလိုက်တယ်။ သူမက ဝါးရင်းနဲ့ ပြောတယ် "ပြီးတော့ ငါ့သူဌေး ငါ့ကို ဘာလုပ်ခဲ့လဲ ဆိုတာကို တွေးကြည့်။ သူက ရှိသမျှ ပြသာနာအားလုံး ငါ့ကို တာဝန်ယူစေချင်တာ !"

ကျန့်ရှူးယိသည် ပိရော့ရှန်း စကားကို လုံးဝဂရုမစိုက်ပါ။ သူမ ဖုန်းကိုကိုင်ထားပြီး သွားတွေကို ကိုက်လိုက်သည်။

ငါ့လက်က ဘာလို့ အလိုအလျောက်စာတွေရိုက်နေတာလဲ။

ဘာလို့ အဲ့ဒီ့ စာကြောင်းကို ထည့်တာလဲ။

ဘာမှမဖြစ်ခဲ့ဘူးလို့ ဟန်ဆောင်ထားသင့်တယ်။

-ကျန့်ရှူးယိ : ကျွန်မ ဘာမှမပြောဘူးလို့ပဲ
သဘောထားပေးပါ။  ပျော်ရွှင်စရာ နှစ်သစ်ပါနော်။

"ရယ်စရာကောင်းလိုက်တာ၊ ငါက သူ့ကိုယ်စား ဘာလို့ တာဝန်ယူရမှာလဲ"

ပိရော့ရှန်းက သူမကိုယ်တိုင် သတိမထားမိဘဲ  စကားတွေ အဆက်မပြတ်ပြောနေဆဲ ...

"ငါက အဲဒီအလုပ်ကို မဖြစ်မနေလိုတာမဟုတ်ဘူး၊ တခြားအလုပ်တွေမှာ  လက်လီရောင်းတဲ့သူအနေနဲ့လည်း ပိုက်ဆံရှာလို့ရတယ်။  အဲ့ဒီတော့ တစ်ခါတည်း သူဌေး အီးမေးလ်ကို သက်သေအထောက်အထားတွေ ချက်ချင်းပို့ပြီး နုတ်ထွက်စာလည်း ပို့လိုက်တယ်။ ငါ သူ့ကို ကြောက်နေ
မယ်လို့ ထင်နေတာလား။ ဟွန်းးး"

Only for Love (Translation)Where stories live. Discover now