Chapter 41: His Guess Sounded Very Absurd

3.9K 312 30
                                    


(Unicode)

ါ့ရဲ့... စိတ်ခံစားမှုတွေက အဆင်မပြေဘူးလား ?

ကျန့်ရှူးယိ တစ်ယောက် ချင်ရှီယွဲ့ ရဲ့ "ဦးလေး" ခေါ်သံကြားပြီး ထိတ်လန့်ရတဲ့အပြင် ရှီယန့်ရဲ့ အမေးစကားက သူမကို ငြိမ်သက်သွားစေတော့သည်။
သူမ မျက်လုံးမှိတ်ချည်ဖွင့်ချည်လုပ်ပြီး မျက်နှာတစ်ခုလုံးမှာ စိတ်ရှုပ်ယှက်နေတာ အထင်းသား ။

ချင်ရှီယွဲ့ ... သူမ ဦးလေးကို မကြည့်ဘဲ နဖူးကို
ပွတ်လိုက်သည်။

တိတ်တိတ်လေး ဝင်လာဖို့ အကောင်းဆုံး အခွင့်အရေး
လို့ ပြောခဲ့တာလေ။
အခု ဒီလိုမျိုး ဘလိုင်းကြီး ဝင်လာဖို့ မဟုတ်ဘူး။

စိတ်အဆင်မပြေဘူးဆိုတာ အဓိကမဟုတ်ဘူး!
ဉီးလေး! ညံ့ချက် !

ပြင်းထန်သောဖိအားအောက်တွင် ချင်ရှီယွဲ့ ...
စပြီးမှတော့ အဆုံးထိ တာဝန်ယူရန် ဆုံးဖြတ်လိုက်ပြီး အဆင်မပြေဖြစ်နေသည့် အနေအထားကို
သက်သာလိုသက်သာရငြား

"လေးလေး၊ ကျဲရှုးယိနဲ့ စကားပြောနေတာ၊ ​​သူ.. နည်းနည်းတော့ အဆင်မပြေတာလေးကြုံလာလို့။
အဲ့တာက ဘာမှ...."

ကျန့်ရှူးယိ: "...?"

အိုး၊ အဲဒါ့ ဖြစ်ခဲ့ပြီလေ။

ချင်ရှီယွဲ့... ညည်း ... ဘာမှ ကောင်းကောင်းမလုပ်နိုင်ဘူး၊ ဒါပေမဲ့ ငါ့အတွက် တွင်းတူးပေးဖို့ဆိုရင်တော့ ကမ္ဘာ့ချန်ပီယံတစ်ယောက်ဆိုတာ အသေအချာပါပဲဟေ။

သို့သော်လည်း ချင်ရှီယွဲ့ မဖြေရှင်းနိုင်မီ သူမစကားကို ဖြတ်ပြောခံလိုက်ရသည်။

ရှီယန့်က သူမ ... အဆင်ပြေအောင် ကြိုးစားနေမှုကို လုံး၀ လျစ်လျူရှုခဲ့ပြီး သူမကို တစ်ချက်မျှ မကြည့်ခဲ့ပေ။

"အခန်းထဲပြန်သွားတော့" လို့ ပြောရင်း ကျန့်ရှူးယိ ကို
စိုက်ကြည့်နေသည်။

အခန်းထဲ ပြန်သွားခိုင်းနေတာက ချင်ရှီယွဲ့ ကို ....

ချင်ရှီယွဲ့ အနေနှင့် ရှီယန့်ပုံစံက သူမရှေ့တွင် ပေါက်ကွဲတော့မည့် စစ်ပွဲပုံစံ ဖြစ်နေသည်ကို နားမလည်သော်လည်း သူမလည်း ဒီမှာနေပြီး ဘာမှ ဆက်လုပ်မပေးနိုင်တော့ဘူးဆိုတာကို သိလိုက်သည်။

Only for Love (Translation)Where stories live. Discover now