Chapter 57: Where's My Boyfriend?

4.6K 293 68
                                    

(Unicode)

Previous

"ကောင်းကောင်းနေ၊ နည်းနည်းကြာရင်
ခံနိုင်ရည်ရှိသွားမှာပါ"

"ဘာကို...ခံနိုင်ရည်လဲ" "ကျွန်မက အမျိုးသမီးသတင်းထောက်တစ်ယောက်ပါ၊အမျိုးသမီးနင်ဂျာမဟုတ်ဘူး!

"......"

ကျန့်ရှူးယိ ပြောပြီးသွားသောအခါ သူမပြောသမျှ
မှားသွားသလိုလို မခံစားရသော်လည်း ရှီယန့်က
မလှုပ်တော့ဘူး။

အချိန်အတော်အတန်ကြာကြာနေမှ သူသက်ပြင်း
အကြီးကြီးချလိုက်သည်။

ဒီလိုအချိန်မျိုးမှာ သက်ပြင်းချလိုက်တာကတော့
နည်းနည်းလေး..ပြိုကျလုဆဲဆဲလေးမှာ။

ကျန့်ရှူးယိ ..သူမလက်ကို ကြောင်တက်တက်နှင့် ဝှေ့ယမ်းကာ ရှီယန့်ကို အလွယ်တကူ တွန်းထုတ်လိုက်သည်။

ရှီယန့်က ထလိုက်ပြီး သူမဘေးမှာ ဝင်ထိုင်လိုက်တယ်။သူမ ထရပ်ဖို့ မနည်းရုန်းကန်ထနေရတာကို သူ ကြည့်နေပေမယ့်လက်လေးတစ်ဖက်တောင် ကူဖို့ မပေးခဲ့။

ကျန့်ရှူးယိခန္ဓာကိုယ်က အားနည်းလာပြီး ခေါင်းအတော်လေးရှုပ်နေသည် ။ ရှီယန့်က သူမကို မကူညီတာကိုလည်း ဒေါသမထွက်ဘူး။ အိမ်တွင်းစိးဖိနပ်အပါးကို ဝတ်ပြီးနောက် နံရံကို လက်နှင့်ကိုင်ကာ ရေချိုးခန်းထဲသို့ ဝင်သွားသည်။

"ဒါဆို ရေချိုးလိုက်ဉီးမယ်"

ရှီယန့် ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။ သူမနောက်ကျောဘက် ဖြည်းညင်းစွာ ပျောက်ကွယ်သွာတာကိုကြည့်ပြီး ဘာလုပ်ရမှန်းမသိ ခံစားလိုက်ရသော်လည်း သူ့နှုတ်ခမ်းထောင့်က အနည်းငယ် ပြုံးနေသေးသည်။

ကျန့်ရှူးယိ ....ဝိုင်သောက်ပြီးနောက် ရုတ်တရက် နူးညံ့သိမ်မွေ့လာပြီး ဆင်ခြင်တုံတရားရှိလာသလိုပဲ။

ခါတိုင်းနှင့်မတူဘဲ အခုချိန်မှာ သူမက သာမာန်လူ
တစ်ယောက်နှင့် ပိုတူသည်။

အဲ့ဒီ့ ပုံစံက ရှီယန့်အတွက် အသားကျဖို့
ခက်နေသေးသည်။

ဒါကိုတွေးရင်း  ရှီယန့် .. သူက တခြားသူ ဒုက္ခရောက်မှ ပျော်နေသူများလားလို့တောင် တွေးမိတယ်။

Only for Love (Translation)Where stories live. Discover now