Chapter 25: Visit Me At A Mental Hospital

4.1K 310 56
                                    

(Unicode)
Chapter25: Visit Me At A Mental Hospital

ဘဏ္ဍာရေးဒါရိုက်တာရုံးခန်းက ရှစ်လွှာမှာ ။

လက်ထောက်အမျိုးသမီးနောက်ကလိုက်ရင်း  ကျန့်ရှူးယိတစ်ယောက် ဘဏ္ဍာရေးဒါရိုက်တာရုံးခန်း ကိုရောက်ခဲ့ပါပြီ။

လမ်းတစ်လျှောက်မှာ ကွန်ပျူတာကီးဘုတ်ရိုက်သံတွေ တယ်လီဖုန်းသံတွေကတော့ အဆက်မပြတ်။ "ဘဏ္ဍာရေး" နဲ့ "နည်းပညာ"  စကားလုံးတွေဟာ  "အလုပ်များတယ်" ဆိုတဲ့ အဓိပ္ပါယ်နဲ့ဆင်တူပါပဲ။ ဒီမှာလုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေအားလုံးကလည်း လစာမြင့်တဲ့ရာထူးတွေမှာ လုပ်ကိုင်ရပြီး အလုပ်နဲ့ လက်မပြတ် အမြဲရှုပ်နေကြသူတွေပါ။

ကျန့်ရှူးယိ အလုပ်လုပ်နေကြတဲ့ အဖွဲ့တစ်ဖွဲ့ဘေးနားကနေ ဖြတ်သွားတဲ့အခါ လှည့်ကြည့်ရင်း ရုတ်တရက်
ရပ်သွားသည်။

အဲဒီ့နေရာမှာ ထိုင်နေတဲ့ ချင်လဲ့ကျီကလည်း သူမကို တစ်ယောက်ယောက် ကြည့်နေသလို ခံစားရတာကြောင့်  ခေါင်းမော့ကြည့်လိုက်တဲ့အခါ .... ပါးပြင်နှင့် ပခုံးကြားတွင် ဖုန်းကို ကိုင်ထားဆဲဖြစ်ပြီး ကီးဘုတ်ပေါ်တွင် လက်ဖြင့် စာရိုက်နေသည်။  အလွန်အလုပ်များနေပုံရသော်လည်း နေရာတွင်ပင် အေးခဲသွားသလို...

နှစ်ယောက် မျက်လုံးချင်းဆုံတော့  မေးခွန်းများ အပြည့်။

ကျန့်ရှူးယိ ကတော့ ချင်လဲ့ကျီကို ဒီနေရာတွင် တွေ့ရန် မမျှော်လင့်ခဲ့ပေ။

သူမထိုင်နေတဲ့နေရာကို ကြည့်လိုက်တော့ သူမဘယ်လို ရာထူးတာဝန်တွေ ယူထားလဲ တွေးလိုက်မိသည် ။

အဲဒါက အရာအားလုံးကို ပိုပြီးတော့ထူးဆန်းစေတယ်။

ယူနီဖောင်းဆင်တူ ၀တ်ပြီး သာမန် ဝန်ထမ်းအလုပ်တွေ လုပ်နေတဲ့    ဂုဏ်သရေရှိတဲ့ အိမ်တော်/ မိသားစုက အမျိုးသမီးလေး။

ဒါပေမယ့် ဒီလို စဉ်းစားလိုက်တော့ အဝတ်စတိုးဆိုင်တစ်ခုလုံးကို ကဒ်လေးနဲ့ အလွယ်တကူဝယ်နိုင်တဲ့ ချင်ရှီယွဲ့ လိုလူတောင် တစ်လကို လစာ ယွမ်ထောင်ဂဏန်းသာ ရရှိတဲ့ မဂ္ဂဇင်းမှာ အလုပ်ဝင်နေတာပဲလေ။

ချမ်းသာတဲ့သူတွေက လခစားဝန်ထမ်းအလုပ်ကို
စိတ်ဝင်စားလာကြတာလား ? ပေါ်ပင်လား?

Only for Love (Translation)Where stories live. Discover now