Chapter 39: Whose Aunt Are You Trying to Become?

3.8K 299 32
                                    

(Unicode)

နေ့ခင်းကြောင်တောင်တွင် ကားအတွင်းနှင့်
အပြင်ဘက်မှာ မမြင်နိုင်သည့် ဖန်ပေါင်းချောင်ထဲ
ရောက်သွားသလို အထဲနှင့်အပြင်  မတူညီသော
ကမ္ဘာနှစ်ခု ဖြစ်သွားသည်။ဖန်ပေါင်းချောင်
အပြင်ဘက်တွင်  ရာသီဥတုက ကြည်လင်နေပြီး
နေရောင်က တောက်ပနေပေမယ့် အတွင်းမှာတော့
ရှိတဲ့လေတွေတောင် လျော့သွားပုံရသည်။

ရှီယန့်မှလွဲ၍ ဖန်ပေါင်းချောင်ထဲရှိ လူများက  သူတို့ မြင်လိုက်ရသည့်အရာကြောင့်  အံ့သြသွားကြသည်။

ကားမောင်းသူက ချင်လဲ့ကျီ ကိုကြည့်သည်၊
ချင်လဲ့ကျီ က  ကျန့်ရှူးယိ ကိုကြည့်သည်၊
ကျန့်ရှူးယိ က ရှီယန့် ကိုကြည့်သည်၊
ယွဲ့ရှင်းကျိုးက ဘယ်သူ့ကိုကြည့်ရမှန်းမသိ ။

ကျန့်ရှူးယိ သူမအသက်ရှူကြပ်သွားသလို
ခံစားလိုက်ရသည်။

ရှီယန့်တစ်ယောက်သာ ပုံမှန်အသက်ရှုနေဆဲဖြစ်ပြီး
မှန်ကန်စွာတွေးခေါ်နိုင်သူ တစ်ဦး ဖြစ်ပေတော့သည်။ဒါကြောင့်မို့လည်း ရှီယန့်က ဘာတွေဖြစ်နေလည်း
သိချင်လေ ကျန့်ရှူးယိ တစ်ကိုယ်လုံးထုံထိုင်းသွားပြီး စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာသည် ။

ငါ့ဘဝက ဒီမှာ ဆုံးတော့မှာပဲ။

သူမ စကားပြောရန်  နှုတ်ခမ်း ဖွင့်လိုက်ပေမယ့်  သူမရဲ့ လည်ချောင်းက  ပြည့်ကျပ်နေပုံရပြီး ဘာမှ မပြောနိုင်ပေ။

ဒီနေရာကျဉ်းကျဉ်းလေးမှာ သေခြင်းတရားနှင့်နီးကပ်နေသည့် အသက်ရှူသံကလွဲပြီး ဘာတွေဖြစ်နေသည်ဆိုတာကို ပွဲရှင်ဖြစ်သူ သတို့သား ချန်ယွဲ့တင်း မြင်နိုင်လောက်အောင် သိသာထင်ရှားလှသည်။ ပွဲရှင်အနေနှင့် ဘာတွေဖြစ်ပျက်နေသည်ကို နားမလည်သော်လည်း 
ဒီအတိုင်းထားပြီး ထွက်မသွားနိုင်ပေ။

သူထွက်လာတော့ ကျန့်ရှူးယိ နဲ့ ချင်လဲ့ကျီ တို့ကြားက အတန်းဖော်တစ်ယောက်  ပြောနေတာသည်ကို 
ကြားလိုက်ရသည်။

ယခု လူတွေစုဝေးနေပြီဆိုတော့လည်း သူ့အနေနှင့်
အရှေ့ကို  တိုးထွက်လာပြီး ဖြစ်ပျက်နေတာတွေကို သက်သောင့်သက်သာဖြစ်အောင်
ကြိုးစားရပေတော့သည်။

Only for Love (Translation)Where stories live. Discover now