Chapter 17.1: I'm Using My Uncle's Card. He's Rich

3.6K 272 17
                                    

(Unicode)

နာရီဝက်အကြာ ရှီယန့် West Chamber Cafe ကို
ရောက်လာတော့ လေးဆယ်စတုရန်းမီတာ
ကျယ်ဝန်းသော ကိုယ်ပိုင်ထမင်းစားခန်းကြီးတွင်
လူငါးဦး... ။အဆိုတော် Song Lelan၊ သူမ ခင်ပွန်း
ချင်ရှောင်မင်း ၊ သမီး ချင်ရှီယွဲ့ ။ သူမ agent နဲ့ လက်ထောက်တစ်ဉီး။

ရှီယန့်ရောက်လာတာကိုမြင်တော့ Song Lelan က
သူ့ရှေ့က ဟော့ပေါ့ထဲက အစားအစာတချို့ကို
ကောက်ယူပြီး
"ငါတို့ပြီးခါနီးနေပြီ မင်းက အခုမှလာတာလား"

ဖျော်ဖြေပွဲတွေလုပ်ရတာ ပင်ပန်းလွန်းတာကြောင့်
Song Lelan က ဖျော်ဖြေပွဲတိုင်းပြီးတိုင်း
ဘယ်လောက်နောက်ကျပါစေ အရသာရှိတဲ့ အစားအသောက်တွေကို စားသောက်ပြီး အားပြန်ဖြည့်လေ့ရှိတယ်။
ရံဖန်ရံခါတွင် ရှီယန့်နဲ့ ချင်ရှောင်မင်းက အချိန်အားပေါ်
မူတည်ပြီး သူမနဲ့ အတူလိုက်စားပေး အဖော်ပြုပေး
ကြသည်။

Song Lelan ရဲ့ အမည်ရင်းက ရှီဟွေ့မန် ဖြစ်သည်၊ ဒါပေမဲ့ သူမရွေးချယ်တဲ့ အနုပညာရှင်ဘဝနဲ့ ပတ်သက်ပြီးမိသားစုနှင့် ပဋိပက္ခများစွာရှိခဲ့သလို မိသားစုနှင့် ဆက်နွယ်မှု
မလိုချင်တော့တာကြောင့် အနုပညာနာမည်
သတ်သတ်ပေးထားတာ ဖြစ်ပါတယ်။ .

နောက်ပိုင်း သူမသည် တိတ်တဆိတ် လက်ထပ် ၊ ကလေးယူပြီးနောက်၊ သူမနဲ့ သူမတို့မိသားစုကြားက ဆက်ဆံရေးက ပိုကောင်းလာပေမယ့် သူမဟာ ကိုယ်ပိုင်မိသားစုကို လူအများရှေ့မှာ မချပြချင်တာကြောင့် ဒါကို
လျှို့ဝှက်ထားခဲ့ပါတယ်။

သို့သော်၊ နည်းပညာခေတ်က မယုံနိုင်လောက်အောင်
တိုးတက်လာတော့ နေရာတိုင်းမှာ မျက်လုံးတွေရှိခဲ့တယ်။ ဒါကြောင့် Song Lelan ကလည်း အမြဲတမ်း သတိ
မလွတ်အောင် အလွန်ဂရုတစိုက်လုပ်ခဲ့သလို သူမနဲ့ အတူ အပြင်မှာအတူ ထိုင်စားဖို့ အခွင့်အရေးကလည်း အတော်လေး ရှားပါးလှသည်။

ရှီယန့်က ကုလားထိုင်တစ်လုံးကို ဆွဲထုတ်လိုက်ပြီး
ထိုင်နေပေမယ့်အစားစားမယ့် အစီအစဉ်မရှိ။
"ကိစ္စတစ်ခု လိုက်ဖြေရှင်းနေရလို့" သူနောက်ကျသွားတာကို အတိုချုပ်ပဲပြောလိုက်တော့သည်။
ချင်ရှီယွဲ့ လောက် မိသားစုဝင်အားလုံးက ဘယ်တော့မှ အေးအေးဆေးဆေး မနေနိုင်ကြ။ စီးပွားရေး ပြဿနာ
နေ့စဉ် ကြုံတွေ့နေရတဲ့သူတွေ ဖြစ်တာကြောင့်
Song Lelan က ဘာတွေဖြေရှင်းနေရလဲ
ဆက်မမေးတော့ပါ။

Only for Love (Translation)Where stories live. Discover now