Chapter 6.2: I Will Eventually Become Your Aunt

3.9K 344 7
                                    

(Zawgyi)

အပြန်လမ်းမှတော့ သူမ ရှစ်ယန်ကားနဲ့ ပဲအတူပြန်လာခဲ့တာပေါ့။ အလာကလိုပဲ ကားအနောက်မှာ အတူတူထိုင်ရင်း မြင်းစိးခဲ့ရတဲ့ အတွေ့အကြုံကတော့ ကျန်းရှူယီစိတ်ထဲ ကြောက်စိတ်က မပျောက်နိုင်သေးဘူး။ ကားပြတင်းကလေတွေ ဝင်လာတဲ့အချိန် သူမ ကိုယ်လုံးက ကားပြတင်းပေါက်ကိုမှီလာပြီး ရှစ်ယန်နဲ့ ဝေးနိုင်သမျှ ဝေးဝေးမှာထိုင်လိုက်လာပါတယ်။ ပင်ပန်းတဲ့နေ့ကို ခံနိုင်ရည် မရှိတော့တာမို့ ကားပေါ်မှာပဲ အိပ်ပျော်သွားတော့တယ်။ နိုးလာတော့ ကားအရှ့မှာ ဒရိုင်ဘာတစ်ယောက်ပဲ။ သူမအိမ်အောက်ထပ်မှာ ကားရပ်ထားလျက်... ကားပေါ်ကဆင်းရင်း ဒရိုင်ဘာကိုနှုတ်ဆက်ကာ သူမအခန်းဆီ လမ်းလျှောက်လာခဲ့သည်။ လမ်းနည်းနည်းလျှောက်လာတော့ သူမနားဆီမှာ နားကပ်ပါမလာတော့တာ သတိထားမိသည်။ လယ်တောဆီက အပြန်မှာ ပါလာသေးတယ်ဆိုတော့ ကားပေါ်မှာ ကျန်ခဲ့တာလား... အနောက်ကိုပြန်လှည့်ပြီး အော်မယ်ပြင်တော့ ကားက အဝေးကို ရောက်သွားပြီ။

ထားလိုက်ပါတော့လေ သာမန်ရတနာဆိုင်လေးက ဝယ်လာတဲ့ ယွမ် ၅၀ တန်နားကပ်လေးအတွက်တော့ တကူးတကတွေ လုပ်မနေချင်တော့ပါဘူးလေ။

—— ——

နောက်နေ့ ရုံးတက်တဲ့ သူမခြေလှမ်းတွေက အားမရှိ။ သူမစားပွဲဆိရောက်တော့ ခွန်နန်က ကြည့်နေသည်။ ခုံမှာဝင်ထိုငလိုက်တော့

"စာ ဘာလို့ မပြန်တာလဲ ? ဖုန်း မစစ်ဘူးလား ?"

"message တွေအရမ်းများလို့ စာတွေမဖတ်မိဘူးရယ် "ကျန်းရှူယီကွန်ပျူတာဖွင့်ရင်း , "ဘာဖြစ်လို့လဲ?"

ခွန်နင်က ပတ်ဝန်းကျင်ကို တချက်ကြည့်ရင်း အသံကိုနှိမ့်ကာ စက်သေနတ်ပစ်သလို ဆက်တိုက်ပြောချတော့သည်

Only for Love (Translation)Where stories live. Discover now