Chapter 9.2: First Time Zheng Shuyi Saw Him Laugh

3.7K 311 3
                                    

(Zawgyi)


ကျင်ရှစ်ယွယ် အနေနဲ့ အလုပ်သာအတင်းတွန်းပြီး သွားခိုင်းနေပေမယ့် ဒီအလုပ်မှာ သူမရဲ့ performance က သူမဘဝရှေ့ရေးကို ဆုံးဖြတ်မယ်ဆိုတာ သိနေပါတယ်။ ဒီတော့ ကိုယ့်ဘက်က ကာကွယ်သင့်တာကို ကာကွယ်ရပါမယ်။ အသက်နှစ်ဆယ်ကျော်အထိ ဖူးဖူးမှုတ် အလိုလိုက် အကြိုက်ဆောင်ခံခဲ့ရတဲ့ ကလေးမလေးက  ဒီနေ့လိုမျိုး သူမအကူအညီလိုနေချိန်မှာ လှည့်တောင်မကြည့်တဲ့ ကျန်းရှူယီအကြောင်းပြောရတာ မျက်လုံးတောင်နီလာတယ်။

သူမဘက်က ဇာတ်နာရအောင်လည်း နည်းနည်း မဆလာဖြူးရတာပေါ့။ သူမပြောစကားအပြိးမှာ ထမင်းစားခန်းတစ်ခုလုံး တိတ်ဆိတ်လို့ ။ ကျင်ရှစ်ယွယ် ဉီးလေးဖြစ်တဲ့ ရှစ်ယန်ကို လှမ်းကြည့်လိုက်တော့ သူ့ဖုန်းကို စားပွဲပေါ်ပြန်တင်ပြီး နှုတ်ခမ်းကို လက်ကိုင်ပုဝါနဲ့ သုတ်လိုက်စဉ် သူ့နှုတ်ခမ်းထောင့်မှ အပြုံးစွန်းစွန်းလေး မြင်လိုက်ရသည်။

ဉီးလေးက သူမကိုမသနားရင်တောင်မှ  ဘာလို့ ပြုံးရတာလဲ။

——

ပြတင်းတံခါးဝကနေ လရောင်က တမြို့လုံးကို ဖြာကျလို့ ကြယ်လေးတွေကလည်း ညအလှကို အဖော်ပြုလို့ပေါ့။ ကံမကောင်းစွာနဲ့ အချိန်ပိုဆင်းတဲ့သူတွေအတွက် ဒီလိုမြင်ကွင်းကို မခံစားနိုင်ကြပါဘူး။ ဆယ်နာရီကျော်မှာတော့ ကျန်းရှူယီ တစ်ယောက် နောက်ဆုံး အချောသပ်ထားတဲ့ စာမူကို တန်ရိဆီ ပို့လိုက်ပြီးတော့ အိမ်ပြန်ဖို့ တတ်စီငှားလိုက်ပါတယ်။ လမ်းတွေကကြပ်နေဆဲမို့ အိမ်ရောက်ဖို့ နာရီဝက်လောက်ကြာ... အိပ်ယာပေါ်ခနလှဲ ရေမိုးချိုးပြီးတော့ တန်ရိဆီက ပြန်စာရောက်လာသည်။ ဘာမှပြင်စရာသိပ်မရှိလို့ တစ်ဖက်ရုံးကို ပို့လိုက်ပြီတဲ့။ သူမကိုယ်တိုင်လည်း စိတ်ကြိုက်ဖြစ်နေတဲ့ စာမူမို့လို့ ထွက်လာတဲ့ အချိန် အတော်လေးပါက်မှာကိုလည်း ကြိုမြင်ယောင်နေပါပြီ။

Yay, အစစအရာရာ အားလုံးကောင်းဖို့ ဖြစ်လာတော့မယ်လေ။

အိပ်ယာပေါ် လူးလိမ့်ရင်း ပျော်နေပါပြပီလေ။  ရှစ်ယန်ကိုလည်း ပိုဆွဲဆောင်နိုင်တော့မပေါ့။ သူ့အကြောင်းတွေးလိုက်တာနဲ့ ချက်ချင်း သက်ပြငိးချမိသည်။

Only for Love (Translation)Where stories live. Discover now