Chapter 60: His Look is Scorching and Direct

4.4K 296 47
                                    

(Unicode)

ရှီယန့်နှင့် အတူရှိစဉ်...ကျန့်ရှူးယိ.. ကျောက်တုံးကို 
ခြေထောက်ပေါ်တင်ခွဲပြီး ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင်အကြိမ်ပေါင်း များစွာ ကြံစည်ခဲ့သော်လည်း
လမ်းပျောက်ခဲ့ရသည်။
နာကျင်မှုကို  အသုံးချပြီး ရှီယန့်၏ အဓိကအချက်ကို
စမ်းသပ်ဖို့ အဆက်မပြတ် ရှေ့တိုးခဲ့သည်။ ဖြစ်နိုင်ချေရှိတဲ့အတွက် နောက်ထပ် ထပ်လုပ်ဖို့တောင် စီစဉ်လိုက်သေးသည်။ ဒါပေမဲ့ ကျန့်ရှူးယိကို တုန့်ပြန်ရာမှာ ရှီယန့် ဟာ ဘယ်တော့မှ မကျရှုံးဘူးဆိုတာ မြင်လာရတယ်။

ရှီယန့်၏လက်များတွင် ကျန့်ရှူးယိ အေးခဲနေပြီး သူမ၏ဦးနှောက်က လျင်မြန်စွာလုပ်ဆောင်နေသည်။

ငါ ဘာလို့ သူ့အိမ်မှာ အခုချက်ချင်း သွားနေရမှာလဲ?

အဓိကကတော့ သူတို့နှစ်ယောက်အတူတကွ မြန်မြန်ဆန်ဆန်နေထိုင်ဖို့ သိပ်မသင့်တော်သေးဘူးလို့ သူမ ...
ခံစားရတာကြောင့်ပါ။

လုပ်ထုံးလုပ်နည်းက အရမ်းရိုးရှင်းလွန်းသလား?

ဒီနေ့ခေတ် CEO များ အားလုံးက ဒီလောက်တောင် စွမ်းဆောင်ရည်ကို ရှာနေကြတာလား?

သေသေချာချာ စဉ်းစားလိုက်တော့ သူမတောင်းဆိုတဲ့အထဲမှာ  သူ့အိမ်မှာနေဖို့ တောင်းဆိုချက်တစ်ခုမှ
မပါဝင်ပါဘူး။ သူပြောလိုက်တဲ့ပုံကလည်း
သူ့အိမ်မှာလိုက်နေရင် သူ.. ထမင်းစားဖို့
အိမ်ပြန်လာမယ်ဆိုတဲ့ သဘောပဲ။

ဟုတ်တယ်၊ ဒါပဲ ဖြစ်ရမယ်။

အဖြေကရှင်းသွားပြီ။ ရှီယန့်က သူ့ကတိကို ဖြည့်ဆည်းဖို့ လုံးဝမကြိုးစားဘဲ...သူ့ခံစားချက်တွေကို ဒီအကြောင်းအရာထဲကို သွင်းနေတာ။

ငါ့ကို ကြံစည်နေတယ်ပေါ့။ တွေးတောင်မတွေးနဲ့!

ကျန့်ရှူးယိသည် ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး
ရှီယန့်၏ မျက်နှာကို လေးနက်သော အကြည့်ဖြင့်ကြည့်ကာ တွန်းထုတ်လိုက်သည်။ စကားတစ်ခွန်းမှ မပြောဘဲ ပြန်လှည့်ကြည့်ပြီး ရုံးခန်းတံခါးဆီသို့ လျှောက်သွားသည်။ "ငါသရုပ်ဆောင်တာ ပြီးသွားပြီ၊ အိမ်ပြန်ဖို့
အချိန်တန်ပြီ" ဆိုတဲ့ စကားလုံးတွေကို သူမနောက်ကျောမှာ ရေးထားတယ်။

Only for Love (Translation)Where stories live. Discover now