Chapter 18.1: It Looked Quite Romantic

3.6K 272 15
                                    

(unicode)

ဤဝတ်စုံများကို ဝယ်သည်ဖြစ်စေ မဝယ်သည်ဖြစ်စေ ချင်လဲ့ကျီအတွက် ကြီးမားသောပြဿနာက ချင်ရှီယွဲ့
ပြောသလို သူမက အဆိုးဆုံးတွေ ချည်း ရွေးထုတ်ထားတာဖြစ်နေတာရယ် သူမဝယ်ခဲ့ဘူးဆိုရင်လည်း လူတိုင်းက စောင့်ကြည့်နေကြတော့ ၊ ဒီလိုမျိုး ထွက်သွားရတာ တကယ်ရှက်စရာကောင်းလိမ့်မယ်။

ကျန့်ရှူးယိသည် ဆိုင်အကူအမျိုးသမီးလေးက
ဝတ်စုံတစ်စုံကို နောက်မှစကင်န်ဖတ်နေသည်ကို ကြည့်နေသည်။ သူမသည် ကောင်တာဘေးတွင် ရပ်ကာ
ချင်ရှီယွဲ့ အား တိုးတိုးလေးကပ်ကာ
"ခဏလေး ... ငါတို့ ဒါတွေအကုန်ဝယ်နေတာလား"

ချင်ရှီယွဲ့ က လေးလေးနက်နက် ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်။"

"ဒါက မလိုအပ်ဘူးထင်တယ်"

"စိတ်မပူပါနဲ့ အဲဒါ ငါ့ဦးလေးရဲ့ ကတ်တစ်ခုပဲ။
သူစိတ်မဆိုးဘူး။"

"ပိုဆိုးတာက မင်းဦးလေးကို ငါတောင်မသိဘူး"

"အရမ်းစိတ်မပူနဲ့၊ ငါဝယ်မယ်ပြောပြီးပြီ၊
ပြန်မပြောနိင်တော့ဘူး!"

ချင်ရှီယွဲ့ က ဒီ Drama ထဲကို ဝင်ပြီး ဘီလူးဆိုင်းတီးရတာကို စိတ်လှုပ်ရှားနေပုံရသည်။ သူ့အမူအရာက ဒါတွေကို ငါပေးမှာဖြစ်ပြီး ဘယ်သူမှ ငါ့ကို တားမှာမဟုတ်ဘူး။
ဆိုတဲ့ဟန်အပြည့် ။ အဲဒီနောက် သူမက "ဒါကို ဖျော်ဖြေပွဲကြည့်ဖို့ ဖိတ်ခေါ်တဲ့အတွက် ကျေးဇူးတင်တဲ့
လက်ဆောင်တစ်ခုအနေနဲ့ တွေးကြည့်လိုက်ပါ။"

- နောက်ပြီးတော့ အရှေ့မှာ ဖြစ်ခဲ့တာတွေအတွက် လျော်ကြေးနည်းနည်း ပေးတယ်သဘောထားပေးပါ .. ( နားကြပ်တပ်ထားလို့ မကြားတာကို သူ့ကိုမကြားချင်ယောင်ဆောင်တယ်ထင်ပြီး ဉီးလေးရှေ့မှာချွန်ခဲ့တာ)

ဒါပေမဲ့ ဒီစကားကို ကျယ်ကျယ်လောင်လောင် ပြောဖို့
သူမ အရမ်းရှက်သွားတယ်။

ကတ် နဲ့ပေးပြီး သူမ လက်မှတ်ထိုးတာက အစစ လှုပ်ရှားမှုများက ချောမွေ့ပြေပြစ်နေသည့်ပုံ။ ရုံးမှာ စာမူကြမ်းတွေ စုစည်းဖို့ ကြိုးစားနေချိန်ထက် များစွာ ပိုမြန်သည်။ :P

သူမသည် ချင်လဲ့ကျီနဲ့ ယွဲ့ရှင်းကျိုး တို့ကို ဒေါသအငွေ့ပါတဲ့ မျက်လုံးနဲ့ ကြည့်လိုက်ပြီး ...

Only for Love (Translation)Where stories live. Discover now