Chapter 3.2: Knocking on the Window

4.9K 367 17
                                    

(Zawgyi)
တန်ရိကတော့ သူမမှာ bright future ရှိတယ်လို့ တစ်ခါပြောဖူးတယ်။ သတင်းဌာနတစ်ခူမှာ ကျန်းရှူယီကို တွေ့လိုက်ချင်းမှာပင် "Finance Weekly" ရဲ့ကျော်ကြားမှုအတွက် သူမရဲ့ ထင်ရှားလှတဲ့ အလှအပနဲ့ ပေါင်းစပ်ဖို့ အစိအစဉ်ချခဲ့တာ ဖြစ်ပါတယ်။ ကျန်းရှူယီ က တရုတ်ပြည်ရဲ့နာမည်ကြီး ထိပ်တန်း စီးပွားရေး တကသိုလ်တစ်ခုကနေ ဘွဲ့ရခဲ့သလို ဒီနယ်ပယ်ထဲမှာ professional experience ကောင်းကောင်းရှိတဲ့သူလည်း ဖြစ်ကာ သတင်းထောက်တစ်ယောက်ဖြစ်နေသရွေ့လွှဲရှောင်လို့ မရတဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို ခံနိုင်ရည်ရှိပြီးသားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ တန်ရိ အကြိုက်ဆုံးအချက်ကတော့ သူမရဲ့ သူများထက်သာလွန်လှပနေတဲ့ အချက်ပါပဲ။

ဘယ်လောက်ပဲ တည်ငြိမ်တဲ့ အသိုင်းအဝိုင်းဖြစ်ပါစေ အလှအပကတော့ အကောင်းဆုံးဆက်သွယ်မှုကြားခံပါပဲ။

ဒါကြောင့် တန်ရိက သူမကို Finance Weekly magazine ရဲ့ စာမျက်နှာထက်မှာ တကယ့်ဒိတ်ဒိတ်ကြဲ high-profile articles လေးတွေရေးစေပြီးတော့ သူမအတွက်လည်း ကလောင်နာမည်တစ်ခုမွေးယူသလို တစ်ဖက်ကလည်း Finance Weekly magazine ကထိပ်ဆုံးနေရာကို တဖြည်းဖြည်းရောက်လာပါတယ်။(အကွက်မြင်တယ်နော် :P)

ကျန်းရှူယီ ကသူမလက်ထဲရောက်လာတဲ့ ဖိတ်စာကိုကြည့်ပြီး "ဘာပွဲလဲ?"

"အခုနေ့လည်လုပ်မယ့် summit (စကားဝိုင်း/ဆွေးနွေးပွဲ) တစ်ခုပဲ။ အခုလိုသေမလိုမဖြစ်နေသေးရင် ပွဲသွားတတ်ပြီး ကိုယ်ဆက်သွယ်လို့ရမယ့် contacts တွေ ၊ သတင်းတွေ သွားရှာခဲ့ "

တန်ရိက သူမကိုထွက်သွားဖို့ လက်ပြလိုက်ပြီး "ပြီးရင် နောက်တစ်ပတ် Mingyu Bank bank အင်တာဗျူးအတွက်လည်း ပြင်စရာရှိတာတွေ ပြန်ပြင်ထားလိုက်ဉီး"

ဘယ်လောက်အပေါက်ဆိုးတဲ့ ဘော့စ်ပိုင်ဆိုင်ထားစေကာမူ တန်ရိက သူမအတွက် အကောင်းဆုံးပါပဲ။ ကျန်းရှူယီဘာမှပြန်ပြောမနေဘဲ မိတ်ကပ်လေးနည်းနည်းပြန်ပြင်ပြီးအပြင်ထွက်လာခဲ့ရပါပြီ။

Summit လုပ်တဲ့နေရာက Jiang City ရဲ့ အသစ်ပြီးသွားတဲ့ Financial Center မှာဖြစ်ပြီးတော့ ပတ်ဝန်းကျင်ကလည်း အခုနှစ်အတွင်း အလွန်လျင်မြန်ဖွံ့ဖြိုးလာတဲ့ နေရာဖြစ်ပါတယ်။ လမ်းပေါ်က ကားတွေကလွဲ ဖြတ်သွားဖြတ်လာမရှိ။ ကျန်းရှူယီကဒီနေရာကို ခနခနအင်တာဗျုးလာရရုံသာမက ယူရှစ်ကျိုးကလည်း ဒီနေရာမှာအလုပ်လုပ်သည်မို့ သူရုံးအဆင်းကိုတစ်ခါတည်းစောင့်ရင်း ညစာအတူစားတာ ၊ ရုပ်ရှင်ကြည့်တာ လုပ်ဖြစ်ကြတယ်။ ပြီးရင် သူမအကြိုက်ဆုံးကိတ်ဆိုင်ကနေ cupcakes လေးတွေဝယ်တယ်။

Only for Love (Translation)Where stories live. Discover now