Chapter 59: All Thanks to Your Aunt

4.5K 315 67
                                    

(Unicode)
Previous
"သဝန်တိုတဲ့အခါ မင်းက
အရမ်းချစ်စရာကောင်းတာပဲ"
ကျန့်ရှူးယိ က နှာခေါင်းရှုံပြီး ရယ်လိုက်ရင်း
"ကျွန်မက .....ဘယ်သူပြောတာလဲ"
"ဒါပေမဲ့ မင်းကို သဝန်တိုတာမျိုး မဖြစ်စေချင်ဘူး"
—-
အများအားဖြင့် ချစ်သူစုံတွဲတွေမှာ ကိုယ့်ချစ်သူကို သဝန်တိုတာမျိုးက အနည်းငယ် ပျော်စရာကောင်းသည်ဟု ယူဆနိုင်သည်။ဒါက လူတိုင်းရဲ့
စိတ်လှုပ်ရှားစရာမရှိတဲ့ ဘဝတွေမှာ တစ်ဖက်
လက်တွဲဖော်ကို မင်းက ပိုဂရုစိုက်ကြောင်း
သက်သေပြဖို့ အကောင်းဆုံးနည်းလမ်း
ဖြစ်ပုံရပါတယ်။
လူတွေက ဒီမနာလိုသဝန်တိုမှုကနေ ရတဲ့ချိုမြိန်မှုကို
ခံစားနိုင်ကြပြီး အချို့က အဲ့ဒီလို သဝန်တိုနေတာလေး
ကိုမှ ကြိုက်ကြတာရှိသေးတယ်။

ဒါပေမဲ့ ရှီယန့် မပါဝင်ဘူး။

အခုလို နားလည်မှုလွဲတယ်လို့တောင် ခေါ်လို့မရတဲ့
ကိစ္စသေးသေးလေးဖြစ်ပေမယ့် ကျန့်ရှူးယိကို
နည်းနည်းလေးမှမခံစားစေချင်ဘူး။

သူက ဒီခံစားချက်ကို ကောင်းကောင်းသိနေလို့
ဖြစ်နိုင်တယ်။သို့သော် ကျန့်ရှူးယိ က အဲ့ဒီလို
မစဉ်းစားခဲ့ပေ။ရှီယန့် ပြောတာကို ကြားတော့
သူမခန္ဓာကိုယ်ထဲက ဒေါသတွေ ထွက်သွားပြီး
ပျော်ရွှင်မှုတွေ ဝင်လာတယ်။

"အဲ့ဒီလို အရေးမပါတာတွေမပြောပါနဲ့။
ဘယ်သူက သဝန်တိုတာလဲ"

ရှီယန့်ပြောခဲ့တာတွေက မှန်ပေမယ့် သူမ
ကိုယ့်ကိုယ်ကိုယ် ခုခံဖို့ ကြိုးစားနေတုန်းပဲ

"ရှင့်အဝတ်အစားတွေနဲ့ ပတ်သက်ပြီး
စိတ်မကောင်းလို့ပါ။ စျေးအရမ်းကြီးပြီး ဒီဇိုင်းကလည်း
မိုက်နေတာ။အခုတော့ ပျက်သွားတာပဲ"

ရှီယန့် သူမကို ကြည့်လိုက်ရင်း တစ်ခုခုပြောခါနီးတွင်
စားပွဲပေါ်ရှိ ဖုန်းက ရုတ်တရက် မြည်လာသည်။
ဖုန်းခေါ်သူကိုကြည့်ပြီးနောက် ကောက်ကိုင်လိုက်သည်။

Song Lelan ဆီမှဖြစ်သည်။

"ဘာလုပ်နေလဲ?"

"ညစာ စားနေတာ။"

"အိမ်မှာလား?"

"အပြင်မှာပါ။"

"အိုး ယွဲ့ယွဲ့ နဲ့လား?"

Only for Love (Translation)Where stories live. Discover now