Chapter 11: Ahhhh, Shi Yan, Are You Toxic?!

3.8K 290 1
                                    

(Zawgyi)


ကောင်းကင်က မိုးဆက်မရွာတော့ပေမယ့် လျှပ်စီးလျှပ်ပြီးမိုးခြိမ်းသံတွေတော့ရှိနေသေးသည်။ ကျန်းရှူယီ အဆောက်အဉီအပြင်ဘက်ကိုလျှောက်လာတော့ ခြေထောက်မှာ သစ်ရွက်လေးတွေတောင် ပါလာသေးတယ်။ လမ်းပေါ်မှာ ကားတွေရှင်းလို့။ လမ်းတစ်ဖက်ကနေ မိန်းမပျိုလေးတစ်ယောက်လမ်း ကူးရင်း သူမဆီလျှော်လာတယ်။ စေ◌ျးကြိးတဲ့ သားမွှေးကုတ်အကျီနဲ့ high heels ကိုစီးပြီးလက်ထဲမှာ သားရည်သေတာအသေးလေးသယ်လာတာက သူမရဲ့ အလုပ်သင်မမလေး ကျင်ရှစ်ယွယ် ။ ငွေဇွန်းကိုက်ထားတဲ့ ကလေးမလေးကို ဒီနေရာမှာတွေ့ရတာက အံ့အားသင့်စရာမဟုတ်။ ကျင်ရှစ်ယွယ် ကတော့ သူမ စီနီယာကို ညကြီးမိုးချုပ် ဒီမှာတွေ့ရတော့ အလွန်အဲ့အားသင့်သွားသည်။ ဒီလောက်နီးကပ်နေတော့ မတွေ့ချင်ယောင်ဆောင်လို့လည်းမရနော်။

ကျန်းရှူယီ 'တိုက်ဆိုင်လိုက်တာ ။ဘယ်လိုလုပ်ရောက်လာတာလဲ ?

"Uh..." ကျင်ရှစ်ယွယ် "အသိတစ်ယောက်ဆီလာတာပါ"

ရာသီဉတုကသိသိသာသာအေးစက်လာတာမို့ ကျန်းရှူယီ စကားစ မြန်မြန်ဖြတ်ရသည်။ သူမလှည့်ထွက်သွားတဲ့နောက်ကို ကျင်ရှစ်ယွယ် လိုက်ကြည့်နေရင်း ...

"ဒီမှာဘာလာလုပ်တာပါလိမ့်...?"တစ်ယောက်တည်းရေရွတ်ရင်း ရှစ်ယန်အိမ်ရှိရာသို့ရောက်လာသည်။

သေတာသေးသေးလေး ခါးမှာတင်ထားပြီး အခန်းရှေ့က ချောင်းကြည့်ပေါက်ကနေ ပြုံးဖြဲဖြဲနဲ့ ဉီးလေးကို ဖားရသေးတယ်၊ အိမ်ထဲဝင်လာတော့

"လေးလေး" ကျင်ရှစ်ယွယ် လမ်းလျှောက်လာရင်း ပါးစပ်ကတည်း တရစပ်"အလုပ်ပီးသွားပီလား?"

ဘာသံမှမကြားရ။ ဧည့်ခန်းရော လမ်းတစ်လျှောက်ရော ဘယ်သူမှရှိမနေ။ ဘယ်ရောက်သွားတာတုန်း ? စားပွဲပေါ်က ဖန်ခွက်ဆီက နှုတ်ခမ်းနီရာကို တွေ့လိုက်တာ့သူမ ကောင်းကောင်းသဘောပေါက်သွားသည်။

Ha, မိန်းကလေးဧည့်သည် လာကိုလာသွားသည်ပေါ့။

ခနတော့ကြောင်သွားသေးသည်။ ရုတ်တရက် လမ်းမှာတွေ့ခဲ့သော ကျန်းရှူယီ ကိုသတိရမိသည်။သူမများ ဖြစ်နိုင်မလား ။ လတ်တလော သူရေးနေတာလည်း ဉီးလေးအင်တာဗျုးပဲလေ။ သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် သိနေတာလား ။

Only for Love (Translation)Where stories live. Discover now