Chapter 6.1: I Will Eventually Become Your Aunt

4.2K 333 7
                                    



(Zawgyi)

ဆိုရိုးစကားတစ်ခုတောင် ရှိသေးတယ်လေ  "ယောကျားတစ်ယောက်ကို သဘောကျမိတဲ့ မိန်းမတစ်ယောက်ဖြစ်မိပြီဆိုမှဖြင့် သူမစဉ်းစားမိနေတဲ့ နံရံ အတားအဆီးဆိုတာမရှိ သူမ မဖျက်ဆီးနိုင်တဲ့ ခံတပ်ဆိုတာ မရှိ သူမလိုက်နာမယ့် စည်းကမ်းဆိုတာတွေ မရှိ စိတ်ပူစရာလည်း ဘာမှမရှိ "

အခု ကျန်းရှူယီ ရင်ဆိုင်နေရတာ သံနံရံလား မီးပင်လယ်လား ?

No! သူ့ဆီက အငြင်းခံရယုံလေးပါ။ ဆိုတော့ ပြသာနာမရှိပါဘူးနော် :3 ( အတုယူကြရမယ် ဟိဟိ)

မျက်လုံးကို မှိတ်အသက်ရှူထုတ်ရင်း အပြင်ကိုလမ်းလျှောက်ထွက်လာခဲ့သည်။

အဝတ်လဲခန်းအပြင်ဘက်မှာတော့ မျက်လုံးနဲ့ အဆုံး လယ်ကွင်းပြင်ကျယ်ကြီး မြက်ပင်စိမ်းတွေ လေထဲမှာယိမ်းနွဲ့လို့ မြို့ကြီးမှာ မရဖူးတဲ့ သန့်ရှင်းတဲ့လေရဲ့ အရသာ...

နေဝင်ခါနီးအချိန်လည်းရောက်ခါနီးမို့ ရွှေရောင်နောက်ခံနဲ့ ကောင်းကင်အောက်မှာ ရှစ်ယန်က မြင်းနီညိုရောင်နားမှာရပ်နေသည်၊ သူဝတ်ထားတဲ့ မြင်းစီးဝတ်စုံက တောင့်တင်းခိုင်မာတဲ့ သူ့ပုံစံနဲ့ လိုက်ဖက်ညီစွာ မြင်နေရတာ အရောင်စုံပန်းချီကားလို လှပလို့ ကျန်းရှူယီ တစ်ယောက် မျက်လုံးအကြည့်တွေ ခွာမရ။

"အားလုံး အဆင်သင့်ပဲလား ?" ကွမ်ရှင်းကျန်က မြင်းတစ်ကောင်ကို ဆွဲလာရင်းလမ်းလျှောက်လာကာ ကျန်းရှူယီကိုကြည့်လိုက်ပြီး  "မင်းနဲ့ဝတ်စုံက အတော်ပါပဲလားကွ " ရှစ်ယန်ဆီကို လက်လှမ်းပြလိုက်သည်။

၃ယောက်က တစ်ဉီးနဲ့တစ်ဉီး မကွာသလိုမို့ ရှစ်ယန်က အားလုံးမြင်နေရသည်။ ကွမ်ရှင်းကျန်ကသူ့လက်ထဲက မြင်းကိုရှစ်ယန်ဆီလွှဲပေးရင်း

Only for Love (Translation)Where stories live. Discover now