Chapter 1.2: I Have a Boyfriend

6.2K 379 2
                                    

(Zawgyi) သူမကိုပေးထားတဲ့လိပ်စာအတိုင်းအရောက်သွားဖို့ ရုံးဖွင့်ရက် ညနေတွေက ထုံးစံအတိုင်း လမ်းပေါ်မှာ ကြာစမြဲ။ ရထားကနေဘတ်စ်၊ ဘတ်စ်ကနေ တတ်စီ ထိ ၀မ်းဗိုက်ဆီမှာနာကြင်မှုနဲ့ ကျန်းရှုယီ အတွက်အတော်လေး ရုန်းကန်ရတဲ့နေ့ဖြစ်ပြိးတော့ တစ်နာရီကျော်အကြာမှာတော့ ချိန်းထားရာနေရာသို့ရောက်ခဲ့ပါပြီ။

စိတ်မတိုဘူးလို့ပြောရင် အလိမ်တွေဖြစ်နေမှာပေါ့။လမ်းတစ်လျှော်လုံး ရှီယန်ရဲ့ အချိန်လွတ်မရှိတဲ့ အချိန်ဇယားကြီးကို ကျိန်စာတိုက်လာတာပေါ့။ သူမအတွက်ပြင်ဆင်ထားတဲ့နေရာက အောက်ထပ်ခန်းမနဲ့ တိုက်ရိုက်ဆက်ထားတဲ့ အပေါ်ထပ် အနားယူဆောင်လေးပါ။ နေရာပြင်ဆင်ထားတာက လှပသပ်ရပ်လွန်းလို့ သူမတစ်ယောက်တည်း အထီးကျန်နေတာကိုတောင် ဖြေဖျောက်စေပါတယ်။ ကျန်းရှုယီဆိုဖာပေါ်ထိုင်ရင်း ခြေထောက်ကိုနာရီလက်တံစည်းချင်အလိုက်လှုပ်ရှားပြီး ကိုယ့်ကိုယ်ကိုယ် အိပ်မပျော်သွားဖို့ အမျိုးမျိုး ကြံစည်နေရပါတော့တယ်။

စိတ်မတိုဘူးလို့ပြောရင် အလိမ်တွေဖြစ်နေမှာပေါ့။လမ်းတစ်လျှော်လုံး ရှီယန်ရဲ့ အချိန်လွတ်မရှိတဲ့ အချိန်ဇယားကြီးကို ကျိန်စာတိုက်လာတာပေါ့။ သူမအတွက်ပြင်ဆင်ထားတဲ့နေရာက အောက်ထပ်ခန်းမနဲ့ တိုက်ရိုက်ဆက်ထားတဲ့ အပေါ်ထပ် အနားယူဆောင်လေးပါ။ နေရာပြင်ဆင်ထားတာက လှပသပ်...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

စောင့်ရတဲ့အချိန်ကကြာပြီး ပျင်းစရာကောင်းလွန်းလို့ သူမခေါင်းက လည်လည်ကျနေသလို အိပ်ပျော်မလို ဖြစ်ဖြစ်သွားတာ အခါခါ။ ရုတ်တရက် တံခါးဖွင့်သံကြားရပြီး သူမလည်းထရပ်ကာ တံခါးပေါက်ကိုကြည့်နေလိုက်သည်။

တောက်ပတဲ့ အလင်းရောင်အောက်မှာ အမျိုးသားတစ်ဦး... အသေအချာကြည့်ပြီးတော့ ကျန်းရှုယီ စိတ်ပျက်အားလျော့သွားပြန်သည်။

သူက ရှစ်ယန်မဟုတ်ဘဲ ရှီယန်ရဲ့ယောက်ဖ ကျင်ရှောင်မင်း - Mingyu Corp.ရဲ့ ဒုတိယအကြီးဆုံး

ကျန်းရှုယီ သူနဲ့ခနခနအင်တာဗျုးလုပ်ဖူးလို့ လူချင်းကောင်းစွာသိနေသည်။ ကျင်ရှောင်မင်းကလည်း ၀င်လာတာနဲ့ သူမကိုမှတ်မိတယ်။

Only for Love (Translation)Where stories live. Discover now