Chapter 2: The Rolls-Royce

5.3K 372 11
                                    

(Zawgyi) မြူနှင်းတွေမိုးတွေကြားထဲ ကားတွေတစ်စီးပြီးတစ်စီးထွက်သွားပြီးတော့ ကျန်းရှူယီတစ်ယောက် အေးစက်လွန်းနေတဲ့ ပါးနှစ်ဖက်ကို လက်နဲ့ပွတ်ပြီး လှောင်ပြုံးပြုံးလိုက်တယ်။ မိုးလည်းအတိတ်လူတွေလည်း အကုန်ကုန်သွားပြီး သန့်ရှင်းရေးဝန်ထမ်းတွေ‌တောင် သန့်ရှင်းရေးဝင်နေကြပါပြီ။

သူမပုဝါလေးကို ပိုပြီး တင်းတင်းစည်းထားလိုက်တယ်။ အခုလိုအေးတဲ့ညမှ ဒီလို စိတ်ပျက်လက်ပျက်ဖြစ်နေရတာ ရှစ်ယန်နဲ့အင်တာဗျူးခွင့်မရလို့လား ? ယူရှစ်ကျိုးခုထိမလာသေးလို့လား ?

ည၁၂နာရီအတိမှာတော့ သူမရင်းနှီးကျွမ်းဝင်နေတဲ့ ကားတစ်စီးရောက်ရှိလာပြီး ရှေ့ခန်းတံခါးဖွင့်ကာ ယူရှစ်ကျိုးတစ်ယောက်ပေါ်လာပါတော့တယ်။သူဘာမှမပြောခင် ကျန်းရှူယီတစ်ယောက် သူ့ဆီကိုကလေးတစ်ယောက်လိုပဲ မြန်မြန်‌ပြေးသွားပြီး တိုင်တည်လိုက်ပါတယ်။

"အေးလွန်းလို့ အသက်ထွက်တော့မလိုပဲ!" ယူရှစ်ကျိုးကသူမကိုကားပေါ်ဖေးမဝင်စေပြီး ခါးပတ်ပတ်ပေးလိုက်တယ်။

"တောင်းပန်ပါတယ်ကွာ။ မိုးနဲ့မြူတွေပါကျနေတော့ လမ်းကကောင်းကောင်းမမြင်ရတဲ့အပြင် လမ်းမှားသွားလို့ အချိန်တော်တော်ကြာသွားတယ်။"

ယူရှစ်ကျိုး ရဲ့ ညင်သာတဲ့အသံကြားမှာ ကျန်းရှူယီတစ်ယောက်ပျော်ဝင်သွားပြီးတော့ သူ့မွေးနေ့အတွက်ကိုယ်ဘာမှမလုပ်ပေးလိုက်ရတာတောင်မှ စိတ်မကောင်းဖြစ်သွားပါ‌တော့တယ်။

"နောက်နေတာပါ။ မွေးနေ့က ဘယ်လိုလဲ။ ပျော်ဖို့ကောင်းရဲ့လား?"

ယူရှစ်ကျိုးက စတီယာတိုင်ကိုကိုင်ပြီး သက်ပြင်းတစ်ချက်ချကာ  "ငါ့ချစ်သူလေးမပါဘဲ ဘယ်လိုပျော်ရပါ့မလဲကွာ?"

"တကယ်ကိုတောင်းပန်ပါတယ်နော်" ကျန်းရှူယီ  ချစ်သူကိုဖွဖွလေးပြုံးပြရင်း "မွေးနေ့မှာဘယ်သူလာအဖော်ပြုပေးလဲ?"

Only for Love (Translation)Where stories live. Discover now