Chapter 44: Were You Ever Sincere?

4.1K 318 61
                                    

(Unicode)

ရှီယန့်ထံ အစီရင်ခံစာကို အပြီးသတ်ပြီးနောက် Qiu Fu က ရှစ်လွှာရှိ သူ၏ရုံးခန်းသို့ အမြန်ပြန်လာခဲ့သည်။ကျန့်ရှူးယိကတော့ ငြိမ်သက်စွာထိုင်ပြီး ကော်ဖီတစ်ခွက်နှင့် သူ့ကို စောင့်နေဆဲဖြစ်သည်။Qiu Fu က သူမကို အဝေးကနေ လှမ်းကြည့်လိုက်သည်။
တကယ်တော့ Qiu Fu ဆိုတာ အခြေအနေအကျိုးကြောင်းပေါ်လိုက်ပြီး အလိုက်သင့်နေတတ်သူ စံပြလူသားတစ်ဉီးပါ။ အလုပ်အားလုံးကို အချိန်မီ ကျကျနန ပြီးမြောက်စေသည့် အပြင် လက်ရှိအခြေအနေမှာ သူဌေးဘာလိုချင်သလဲဆိုသည့်အပေါ် မူတည်ပြီး အလုပ်ကို ဘယ်လိုလုပ်ရမလဲဆိုတာကိုလည်း သိတဲ့သူပါ။
ဥပမာအားဖြင့်၊ ရှီယန့်က ချင်လဲ့ကျီကို မကြိုက်ကြောင်း သိလိုက်တာနှင့် သူချက်ချင်း ဖယ်လိုက်ပြီး နောက်တစ်ကြိမ် ထပ်မပေါ်လာအောင် တားဆီးခဲ့သည်။
ဒီနေ့ အဖြစ်အပျက်နောက်မှာတော့ ရှီယန့်နှင့် ကျန့်ရှူးယိကြားမှာ အဆင်မပြေမှု အနည်းငယ် ဖြစ်ပျက်သွားနိုင်တယ် ဆိုတာကို သူပြောနိုင်တယ်။ဒါပေမဲ့ နှစ်ယောက်ကြားက အသေးအဖွဲ ငြင်းခုံမှုလေးသာ ဖြစ်မလားဆိုတာ မသေချာပေမယ့် ကျန့်ရှူးယိနှင့် အကြိမ်အနည်းငယ် တွေ့ဆုံပြီးနောက်တွင် သူမ၏ အလုပ်အပေါ် သဘောထားကို သဘောကျလာသည်။ ထို့ကြောင့်လည်း ဒီနေ့ထိ သူမကို လှိုက်လှဲပျူငှာစွာ နှုတ်ဆက်နေသေးသည်။ဒီတစ်ခါတော့ ခါတိုင်းထက် ပိုလေးနက်နေပုံရသလို ဆွေးနွေးသည့်အကြောင်းအရာမှလွဲပြီး တခြားလည်း ဘာမှမပြောခဲ့ပေ။ ကျန့်ရှူးယိကလည်း သူပြောသည့်နောက်ကိုသာနားထောင်နေပြီး အခြားအရာများကို တွေးမနေအားပေ။နှစ်နာရီ ကျော် သုံးနာရီကြာ အင်တာဗျူးသွားတဲ့အခါမှာတော့ ကျန့်ရှူးယိက လေးလေးနက်နက် အသွင်နဲ့ အင်တာဗျုးမှာပဲ နှစ်မြှပ်နေတဲ့ပုံပါပဲ။
ထို့ကြောင့် Mingyu Cloud မှ ထွက်လာသောအခါတွင်လည်း သူမမျက်နှာတွင် ထူးထူးခြားခြား မရှိခဲ့ပေ။

တက္ကစီပေါ်တက်ပြီးသည့်တိုင် နားမနေဘဲ Qiu Fu ၏ အင်တာဗျူးကို ပြန်နားထောင်ရန် နားကြပ်တပ်ထားသည်။သို့သော်လည်း ပိရော့ရှန်းဆီကနေ ဖုန်းဝင်လာသည်။
"မမရေ၊ သုံးနေတဲ့ wifi ပျက်နေတာလား" ပိရော့ရှန်း အလုပ်ဆင်းလာပြီး အေးအေးလူလူလေသံနှင့်
"ဒါမှမဟုတ် တို့နှစ်ယောက်ဆက်ဆံရေးက ခင်မင်ရင်းနှီးမှုက ပျက်စီးသွားပြီလား။ တမြန်နေ့က ပို့လိုက်တဲ့ စာတွေကိုဘာလို့ မပြန်တာလဲ"

Only for Love (Translation)Where stories live. Discover now