Chapter 4.1: Yue Xingzhou, I Got in the Car Before You :P

4.5K 339 4
                                    







(zawgyi)

တိမ်တွေက တဖြည်းဖြည်းနေဝင်ချိန်ကို ပုံဖော်နေသလို အယ်ဒီတာဌာနရဲ့ စားပွဲတိုင်းက မီးလေးတွေကလည်း တဖြတ်ဖြတ်လင်းလို့ လူတိုင်းက ကိုယ့်စာမူ၊အင်တာဗျူး deadline အမှီပြီးရေး အချိန်လုပြီး အသည်းအသန် စာတွေရိုက်သံတဖြောင်းဖြောင်းနဲ့ပေါ့။ ကျန်းရှူယီ လည်းသူမစာမူကို အဆုံးသတ်ပြီးနောက်

"မနေ့က စကားပြောခဲ့သူဟာ  စနိုက်မရဲ့ ဉီးလေးဖြစ်ပြီးတော့ အင်တာဗျုးစောင့်ရတဲ့ ညက သူမစကားကြောင့် ကားပေါ်ခေါ်တင်ဖို့ / ဖုန်းပေးသုံးဖို့ ငြင်းသွားခဲ့တယ် " ဆိုတာကို တော်တော်လေး ဆက်စပ်မှုရှိအောင် လိုက်တွေးယူနေရသည်။

ဘာတွေများ ဖြစ်ကုန်တာလဲ?

Summit နဲ့ပတ်သတ်တာတွေ ရေးလို့အပြီးမှာတော့  ကျန်းရှူယီ  အိမ်မပြန်နိင်သေးဘဲ ရှစ်ယန်နဲ့ လုပ်မယ့် အင်တာဗျူးအတွက် မှတ်စုကြမ်းနဲ့ အချက်အလက်တွေထုတ်ပြီး ဆက်ရေးနေပါသည်။

အချစ်ရေး ဘယ်လိုပဲ အဆင်မပြေနေပါစေ ကိုယ့်အလုပ်ကိုတော့ အကောင်းဆုံးဖြစ်အောင် လုပ်ရမှာ။

ကျန်းရှူယီ ဆိုတာ လက်စားချေဖို့ စိတ်အားထက်သန်နေသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကလည်း သူများထက် သာလွန်နေသးသည်။

မျက်စိတမှိတ်အတွင်း  အင်တာဗျူးရက်ရောက်လာခဲ့ပြီ။ ကျန်းရှူယီ   သူမရဲ့ ရီကော်ဒါရယ် မှတ်စုစာအုပ်ကို အတူယူပြီး Mingyu Bank ရုံးချုပ်ကိုထွက်လာခဲ့သည်။

မျက်စိတမှိတ်အတွင်း  အင်တာဗျူးရက်ရောက်လာခဲ့ပြီ။ ကျန်းရှူယီ   သူမရဲ့ ရီကော်ဒါရယ် မှတ်စုစာအုပ်ကို အတူယူပြီး Mingyu Bank ရုံးချုပ်ကိုထွက်လာခဲ့သည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

တခြားရုံးတွေလိုပဲ visitors registeration လုပ်နေစဉ် ဘေးမှာရပ်နေတဲ့ လုံခြုံရေးဝန်ထမ်းက သူမနာမည်ကဒ်ပြားကို ကြည့်ပြီး 

"Finance Weekly က သတင်းထောက်အားလုံးက လှကြတာပါလား?"ဆိုတော့

ကျန်းရှူယီ က ကြားနေကြမို့ အပြုံးနဲ့ တုံ့ပြန်လိုက်ပြီး နာမည်စာရင်းသွင်းမည် လုပ်စဉ် နာမည်တစ်ခုကို သတိထားမိလိုက်သည်။

Only for Love (Translation)Where stories live. Discover now