Chapter 35: Slowly Curled Up to the Corner of the Bed

4K 305 58
                                    

(Unicode ) Chapter 35: Slowly Curled Up to the Corner of the Bed

အလုံပိတ် ဓါတ်လှေကားထဲတွင် သူတို့၏ စိတ်ခံစား
ချက်များကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသကဲ့သို့ လူကလည်း ရွေ့လျားရန် ခက်ခဲသည်။

ကျန်းရှူးယိ သည် ရှီယန့်အမေးကို ဘယ်လိုပြန်ဖြေရမည်  မသိပေ။
ရှီယန့်က ဘာမှမပြောဘဲ  သူမကိုပဲ စိုက်ကြည့်နေသည်။

သူက အရင်စလှုပ်ရှားပြီး  သူကပဲ အဖြေပေးဖို့ တိုက်တွန်းနေသေးသည်။
သူမပိုပြီးတိတ်ဆိတ်လာလေ ရှီယန့်အကြည့်ကို
ရှောင်ရန်ခက်လာလေ။ ဒီလောက်တိတ်ဆတ်နေတဲ့
အချိန်မှာ အသက်ရှုသံတွေတောင်  ပျောက်ကွယ်သွား
သလို ဖြစ်ပြီး  ကျန်းရှူးယိ ၏ နားထဲတွင် နှလုံးခုန်သံက  ဖြည်းဖြည်းချင်း ကျယ်လာပြီး နောက်ဆုံးအကြိမ်
ထက်တောင် ပိုကျယ်လာသည် ။

ရင်တွေအခုန်မြန်ပြီး ခန္ဓာကိုယ်မှာ သွေးလည်ပတ်တာ
ရပ်သွားသလို အောက်ဆီဂျင်ပြတ်သလိုတောင် ဖြစ်နေပြီ။ သူမတစ်ကိုယ်လုံးလည်း ပေါ့ပေါ့ပါးပါးလေးပဲ
ရှိတော့သလို။

ကျန်းရှူးယိ လည်ချောင်းယားလာသည်။အဆက်မပြတ်
ခုန်နေတဲ့ရင်ခုန်သံပျောက်အောင် ရင်ဘတ်ကို
ဖိထားလိုက်ချင်သည်။ သို့မှသာ သူ့မေးခွန်းကို
ပြန်ဖြေနိုင်မည်။  ဒါပေမဲ့ သူမ မလှုပ်နိုင်ဘူး။
ရှီယန့် က သူမ၏ နားကွဲမတတ် ကျယ်လောင်နေသော နှလုံးခုန်သံကို ကြားသွားမလား စိုးရိမ်မိသည်။

ဓာတ်လှေကား ရပ်ပြီး တံခါး ပွင့်လာတော့ ရွှေရောင်
ဆံပင်နဲ့ မျက်လုံးပြာပြာရောင် နိုင်ငံခြားသားနှစ်ယောက် အပြင်မှာ ရပ်နေတယ်။ ဒီမြင်ကွင်းကိုမြင်တော့
သူတို့လည်း မင်တတ်သွားပြီး   "Hello? Excuse me?"?"

သူမ အသိအာရုံတွေ ပြန်စုစည်းမိပြီ။ အပြင်က
ရပ်နေသောသူများကို တစ်ချက်ကြည့်ကာ ရှီယန့်ဖိထားတဲ့ သူမ၏လက်ကို ချက်ချင်းပြန်ဆွဲယူလိုက်ပြီး 
ဓာတ်လှေကားထဲမှ ထွက်သွားလေသည်။

ရှီယန့်ဆီမှ  နွေးထွေးမှုအချို့ က သူမလက်ထဲတွင်
ရှိနေသေးသည်။ လက်နှစ်ဖက်က သူမ၏စကတ်
ဘေးတွင်ချထားလိုက်တော့  နွေးထွေးမှုက သူမ၏ကျန်နေသည့် ခန္ဓာကိုယ်တစ်ခုလုံးကို
တဖြည်းဖြည်းပျံ့နှံ့သွားစေသည်။

Only for Love (Translation)Where stories live. Discover now